Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ရုံးလုပ်ငန်းသုံး ကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲ

Fri, 05/28/2021 - 12:13 -- journal_editor

        ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့် ကုန်သွယ်ရေး ဦးစီးဌာန၏ ရုံးလုပ်ငန်းသုံး ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးတွင်  ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်စေရန်နှင့် ကုန်သွယ်မှု လုပ်ငန်းများ လျှင်မြန်ချောမွေ့စေရန် ဆောင်ရွက်ရသော ဝန်ကြီး ဌာနဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အထောက် အကူဖြစ်စေရန်နှင့် ဝန်ထမ်းများအားလုံး ရုံးလုပ်ငန်းသုံး ကွန်ပျူတာ အခြေခံ ကျွမ်းကျင်တတ်မြောက် မှသာ ကုန်သွယ်မှုနှင့် ဆက်စပ်သည့်လုပ်ငန်းများအား အပြည့်အဝ တာဝန်ယူဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ ရုံးလုပ်ငန်းသုံးကွန်ပျူတာ အခြေခံတတ်မြောက် ကျွမ်းကျင်ပြီး ၎င်းမှတစ်ဆင့် ကုန် သွယ်မှု လုပ်ငန်းရပ်များနှင့် သက်ဆိုင်သည့်စနစ်များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းဖြင့် ကုန် သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် အထောက်အကူဖြစ် စေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ် ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် ကွန်ပျူတာနှင့်ပတ်သက်သည့် လေ့လာမှုများသာမက မိမိရောက်ရှိတာဝန်ထမ်းဆောင်နေသည့်ဌာနခွဲများ၏ ဘာသာရပ်ဆိုင်ရာ လုပ်ငန်းတာဝန်များကိုလည်း လေ့လာရန်လိုအပ်ပါကြောင်း၊ ယခု သင်ကြားပေးလိုက်သည့် ရုံးလုပ် ငန်းသုံးကွန်ပျူတာပညာရပ်သည် ရုံးလုပ်ငန်းများအတွက် မရှိမဖြစ် အသုံးပြုနေရသည့် ပညာရပ် တစ်ခုဖြစ်သည့်အပြင် သင်တန်းသား/သူများအနေဖြင့် လုပ်ငန်းတာဝန်ရပ်များကို မိမိတို့ တတ် ကျွမ်းသည့်ပညာရပ်ဖြင့် ပံ့ပိုးဆောင်ရွက်နေသည့်အတွက် ဂုဏ်ယူဖွယ် ပညာရပ် တစ်ခုလည်း ဖြစ်ပါကြောင်း၊ ယနေ့ခေတ်သည် နည်းပညာပြောင်းလဲတိုးတက်လာမှုနှင့်အတူ ပြည်သူလူထုအား ဝန်ဆောင်မှုပေးရသည့် ကုန်သွယ်မှုလုပ်ငန်းစဉ်များ၊ အစိုးရရုံးစီမံခန့်ခွဲမှု စနစ်များသည် အီလက် ထရောနစ်စနစ်သို့ ပြောင်းလဲအသုံးပြု လာကြပြီဖြစ်ရာ ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့လျင်မြန် စေရေးအတွက် မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး ကွန်ပျူတာကျွမ်းကျင်စွာ အသုံးပြုနိုင် စေရန် ယခုကဲ့သို့ ကွန်ပျူတာသင်တန်း များကို ဆက်လက်ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

          အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား/ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

MOC(IR)