Main menu

Background

အသိပေးကြေညာချက်

Thu, 08/05/2021 - 00:16 -- journal_commerce

၁။      ပြည်သူများအတွက် အရေးတကြီးလိုအပ်လျှက်ရှိသော ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ကုသရေး ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ပင်လယ်ဆိပ်ကမ်းများ၊ လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများဖြေလျော့ပေးခြင်း၊ သယ်ယူပို့ဆောင်‌ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီ ဆောင်ရွက်ပေးခြင်းအပြင် လိုအပ်ပါကပြည်ပနိုင်ငံများနှင့် သံတမန်လမ်းကြောင်းမှချိတ်ဆက်  ကူညီပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

၂။       သို့ရာတွင် မသမာသူအချို့က နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် ပြည်သူများစိုးရိမ်ထိတ်လန့် မှုကြီးမားလာစေရန်လည်းကောင်း၊ ဝိသမလောဘသားများက စီးပွားရေးအမြတ်ထုတ်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကစားလို၍လည်းကောင်း၊ တရုတ်-မြန်မာနယ်စပ်မူဆယ်နယ်စပ် ကုန်သွယ်ရေးဂိတ်မှတင်သွင်းသော ဆေးဝါးနှင့်ဆေးပစ္စည်းများ တရုတ်ဖက်မှ တင်သွင်းခွင့်မပြု ကြောင်း ကောလာဟလသတင်းအမှားများ ထုတ်လွှင့်လာသည်ကိုတွေ့ရှိရပါသည်။

၃။      တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော ဆေးဝါးနှင့်ဆေးပစ္စည်းများ နယ်စပ်မှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် ပူးပေါင်းဆောင် ရွက်၍ခွင့်ပြုပေးလျှက်ရှိပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူများမှလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး ဆေးဝါးနှင့်ဆေးပစ္စည်း တင်သွင်းမှုများကို ပိတ်ရက်မရှိ နေ့စဉ်ပုံမှန်ရုံးချိန် အတွင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း အသိပေးကြေညာအပ်ပါသည်။

                                                                                                                      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန