Main menu

Background

မြန်မာ Ready ငါးသေတ္တာ ( Canned Sardine in Tomato Sauce ) အား Value - added ပို့ကုန်အဖြစ် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်မှုအခြေအနေ

Fri, 08/27/2021 - 13:24 -- journal_editor

          ပြည်ပဈေးကွက်သို့ မြန်မာ့ပို့ကုန်များ ထိုးဖောက်ဝင်ရောက်၍ တိုးချဲ့တင်ပို့နိုင်ရေး နှင့် မြန်မာ့ Value-added ပို့ကုန်များအား ထိုင်းနိုင်ငံဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရေးတို့အတွက် ယခင်လများက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူးနှင့် ထိုင်း - မြန်မာ စီးပွားရေးရာကောင်စီ Thailand – Myanmar Business Counsellor ဥက္ကဋ္ဌ Mr. Kich နှင့် အဖွဲ့ဝင်များ ဆွေးနွေးညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။

           အဆိုပါ နှစ်ဖက်ဆွေးနွေးညှိနှိုင်းချက်များအရ “ ယခုအခါ ထိုင်းနိုင်ငံရှိ Excellent United International Company Limited က မြန်မာနိုင်ငံရှိ Makro Manufacturing Company Limited မှ ထုတ်လုပ်သော Ready အမှတ်တံဆိပ် ငါးသေတ္တာများအား Value-added ပို့ကုန်အဖြစ် တင်ပို့နိုင် ရေးအတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်နိုင်ခဲ့ရာ (၁၃-၈-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တဆင့် ထိုင်းနိုင်ငံ၊ ပထုန်ဌာနီပြည်နယ်၊ နာဗာနာခွန် စက်မှုဇုန်ရှိ Excellent United International Company Limited သွင်းကုန် ကုမ္ပဏီ၏ သို့လှောင်ရုံသို့ တင်ပို့နိုင် ခဲ့ပြီး အဆိုပါ မြန်မာ့ Value-added ပို့ကုန် Ready ငါးသေတ္တာ ကွန်တိန်နာ (၁)လုံးဖြင့် (၁၁.၆၂၅)တန် (၇၅၀ - ကာတွန်)၊ တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ (၃၂.၆၃၁) သန်းနှင့် ညီမျှသော အမေရိကန်ဒေါ်လာ (၁၉၉၁၉.၉၉) ရှိပါကြောင်း၊ ငါးသေတ္တာများကို ထိုင်းနိုင်ငံအတွင်း ပြည်တွင်းသုံးရန် ဖြန့်ချီသွားမည် ဖြစ်ပြီး (၁)လလျှင် ကွန်တိန်နာ (၁၀)လုံးခန့် ( အမေရိကန်ဒေါ်လာ (၃) သိန်း ဖိုးခန့် )  လစဉ်တင်ပို့နိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိ Covid-19 ကာလအတွင်း Ready Made အစားအစာများ ဝယ်လိုအားများနေချိန်တွင် မြန်မာ့ Value-added ပို့ကုန်ငါးသေတ္တာများအား ထိုင်း နိုင်ငံတွင် ဈေးကွက်ဝေစုရရှိနိုင်ရေး ဆောင်ရွက်ချက်ဖြစ်ပါကြောင်း နှင့် ယခု Ready ငါးသေတ္တာ အတွက် ထိုင်းနိုင်ငံ FDA မှ အသိအမှတ်ပြုလက်မှတ်ရရှိထားပြီးဖြစ်ပါကြောင်း” ဖော်ပြလိုက်ရပါသည်။

   နှစ်နိုင်ငံ