Main menu

Background

COVID – 19 ရောဂါနှင့်ပက်သက်၍ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းခြင်း၊ သယ်ယူဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းအစည်း အဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

Fri, 08/27/2021 - 15:46 -- journal_editor

          ဇူလိုင်လ ၂၇ ရက် (အင်္ဂါနေ့)၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။   

            အစည်းအဝေးတွင် ပြည်ပမှ တင်သွင်းမည့် COVID – 19 ရောဂါကာကွယ် ကုသရေး ဆေးဝါးနှင့် ဆေးပစ္စည်းများ အခက်အခဲမရှိ တင်သွင်းနိုင်ရေး၊ အစားအသောက်နှင့် ဆေးဝါးများ ကွပ်ကဲရေးဦးစီးဌာန  (FDA) မှ အရေးပေါ်ကာလအတွင်း ဖြေလျော့ဆောင်ရွက်ပေးမည့် အခြေ အနေများ၊ ဆေးဝါးများ တင်သွင်းရာတွင် လိုအပ်သော Air Cargo ၊ Shipping Line များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှုအခြေအနေ၊ နယ်စပ်များမှ တင်သွင်းမည့်ဆေးဝါးနှင့် ဆေးပစ္စည်းများ လွယ်ကူလျင်မြန်စွာတင်သွင်းနိုင်ရေးအခြေအနေ၊ အကောက်ခွန်ဦးစီးဌာနမှ တင်သွင်းလာသည့် ဆေးဝါးများအပေါ် အခွန်ကောက်ခံမှုလျော့ချရေး စီစဉ်မှုအခြေအနေများအပေါ် မြန်မာနိုင်ငံကုန် သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းတို့မှ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။ 

          ပြည်ပမှ ဆေးဝါးနှင့် ဆေးပစ္စည်းများတင်သွင်းရာတွင် အခက်အခဲမရှိစေရေး၊ ဈေးကွက် အတွင်း ဆေးဝါးများ မပြတ်လပ်စေရေး၊ အရည်အသွေး ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် ရန်ကုန်မြို့တွင် “COVID-19 ရောဂါကာကွယ်ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ ပြည်ပမှတင်သွင်း မှုလွယ်ကူလျင်မြန်ချောမွေ့စေရေးလုပ်ငန်းအဖွဲ့ (Task Force)” အားဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက ရန်ကုန်လုပ်ငန်းအဖွဲ့ (Task Force) ဖုန်း- ၀၉၆၆၄၀၇၅၆၈၃ ၊ ၀၉၆၆၄၅၉၆၃၂၇ နှင့် ကုန်စည်ကူးသန်းရေးတွင် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းကော်မတီရုံး ဖုန်း-၀၆၇၄၀၈၄၁၉ ၊၀၉၄၂၀၇၀၃၆၁၆ သို့ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရှိရသည်။

          အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ တွဲဘက်အတွင်းရေးမှူး၊ ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

MOC(IR)