Main menu

Background

Covid -19 ရောဂါကာကွယ်ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင်ဖြည့်တင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကား ပြောကြား

Fri, 08/27/2021 - 15:50 -- journal_editor

                  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် (ကြာသပတေးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဦးဆောင်ပြီး Covid -19 ရောဂါကာကွယ်ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင်ဖြည့်တင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

          အစည်းအဝေးတွင် Covid-19 ရောဂါကာကွယ်ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း လိုအပ်ချက်မြင့်မားနေချိန်တွင် ပြည်တွင်းတွင် ဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ် မှုမြှင့်တင်ရေး၊ ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် ဖြည့်တင်းနိုင်ရေးတို့ကို အဓိကဆွေးနွေးခဲ့ကြပြီး၊ ထုတ်လုပ်သည့်လုပ်ငန်းရှင်များ၏ ကုန်ကြမ်းရရှိနိုင်မှု၊ ကုန်ကြမ်းများပြည်ပမှတင်သွင်းရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား ဖြေလျော့ပေးနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှုစွမ်းအား မြှင့်တင်ပြီး ဈေးကွက်အတွင်း အဓိကလိုအပ်လျက်ရှိသော ဆေးဝါးနှင့်ဆေးပစ္စည်းများအရေးပေါ် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး၊ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးနှင့် မူဝါဒဆိုင်ရာ အခက်အခဲများအား ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားနိုင်ရေးတို့ကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

          အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ၊ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ဌာနဆိုင်ရာ များနှင့် UMFCCI တို့မှတာဝန်ရှိသူများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

MOC(IR)