Main menu

Background

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ Community Center ခန်းမတွင် ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဟောပြောဆွေးနွေးပွဲအောင်မြင်စွာကျင်းပပြီးစီး

Tue, 09/21/2021 - 12:28 -- journal_editor

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး Community Center ခန်းမတွင် (၂၀.၉.၂၀၂၁)နေ့ နံနက်(၁၀:၀၀)နာရီ မှ(၁၂:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားကို အစီအစဉ်(၆)ရပ်ဖြင့်ကျင်းပပြုလုပ်ပြီး အခမ်းအနားအစီအစဉ်အရ အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးဦးစိုးအောင်က ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သမရိုးကျ မွေးမြူမှုမှသည် နည်းစနစ်ကျအရည်အသွေးကောင်း ငါးမွေးမြူရေးလုပ်ငန်းများဖြစ်ပေါ်လာရေးနှင့်ပြည်တွင်းဈေးကွက်မှသည် နိုင်ငံခြားဈေးကွက်ဝင်ရောက်နိုင်သည့် အခွင့်အလမ်းများရရှိနိုင်မှု အလားအလာကောင်းများကို အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းဟောပြောခဲ့ပါသည်။

          ဆက်လက်၍အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ မအူပင်မြို့နယ် ငါးလုပ်ငန်းရှင်ဦးမြစိုးနှင့်ငါးရှဉ့်လုပ်ငန်းရှင်ဦးအောင်ကျော်သူတို့မှ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်အခြေ အနေများကိုတင်ပြပြီး မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှဒေါ်အေးအေးမင်းက ဌာန၏ဆောင်ရွက်မှုနိုင်မှု၊နည်းပညာပေးနိုင်မှုများအား ငါးလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းနိုင်မည့်နည်းလမ်းများကို အသေးစိတ်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးအောင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခြားသိလိုသောအကြောင်းအရာများကို အကျယ်တဝင့်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

Comsurmer Mt

 ဦးမြင့်သူ( ဒု−ကြီးကြပ်ရေးမှူး)