Main menu

Background

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမည့် ကိုဗစ်-၁၉ကာကွယ်ကုသရာတွင် အသုံးပြုမည့် ဆက်စပ်ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးမည့် ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတက်ရောက်အမှာစကားပြောကြား

Fri, 09/24/2021 - 12:19 -- journal_editor

နေပြည်တော်၊စက်တင်ဘာလ၂၃ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၂၃ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtualစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ‌ရောင်းချပေးမည့် နိုင်ငံခြားငွေ အသုံးပြု၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရာတွင် အသုံးပြုမည့် ဆက်စပ်ဆေးဝါး များကို တင်သွင်းဖြန့်ဖြူးမည့် အစီအစဉ်စနစ်တကျရှိစေရေးအတွက် ညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်ခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ရာတွင် အသုံးပြုမည့် ဆက်စပ်ဆေးဝါးများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ အသုံးပြုနိုင်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရောင်းချပေးမည့် နိုင်ငံခြားငွေ အသုံးပြု၍ ဆေးဝါးများတင်သွင်းဖြန့်ဖြူးမည့်ကုမ္ပဏီများအား မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းမှ စိစစ်ကြပ်မတ်ပြီး နိုင်ငံတော်မှရောင်းချပေးသည့် နိုင်ငံခြားငွေများကိုစနစ်တကျဖြင့် ထိထိရောက်ရောက်အကျိုးရှိစွာ အသုံးပြုနိုင်စေရန်၊ ဦးစားပေးတင်သွင်းဖြန့်ဖြူးမည့် ဆေးအမျိုး အစားများကို အတည်ပြုသတ်မှတ်၍ ဆေးဝါးများတင်သွင်းဖြန့်ဖြူးရောင်းချမည့် လုပ်ငန်း စဉ် များ ကို တိကျစွာသတ်မှတ်ဆောင်ရွက်ပေးရန်နှင့် တက်ရောက်သူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရာတွင်အသုံးပြုမည့် ဆက်စပ်ဆေးဝါးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမည့် နိုင်ငံခြားငွေ အသုံးပြု၍ ဆေးဝါးများတင်သွင်းဖြန့်ဖြူးရာတွင်အများပြည်သူအသုံးပြုမှုများပြားသည့်ဆေးဝါးများကိုဦးစားပေးတင်သွင်းရေးနှင့် ဆေးဝါးများဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြ သည်။

          အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ စက်မှုဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန် OSS Task Force အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

 

MOC (IR)