Main menu

Background

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးသည့် ပြည်ပမှ တင်သွင်းခဲ့သော စက်သုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေး အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းတက်ရောက်အမှာစကားပြောကြား

Mon, 09/27/2021 - 11:40 -- journal_editor

နေပြည်တော်၊ စက်တင်ဘာ ၂၄ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးသော နိုင်ငံခြားငွေဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းခဲ့သည့် စက်သုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်ခဲ့သည်။

      အစည်းအဝေးတွင် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း၏ စိစစ် ကြီးကြပ်မှုဖြင့် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ရောင်းချပေးခဲ့မှုအခြေအနေများ၊ ဗဟိုဘဏ်မှ ရောင်းချပေးခဲ့သည့်ပမာဏကိုအခြေခံ၍  အသင်း အနေဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများသို့ သက် သာသည့်ဈေးနှုန်းဖြင့်ရောင်း ချပေးနိုင်မည့်အစီအစဉ်များ ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်ရေးတို့အတွက် တက်ရောက်သူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခဲ့သည်။

      ဆက်လက်၍ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အစည်းအဝေးတက်ရောက်လာသူ များက စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးနှင့် ပိုမိုစနစ်တကျဖြစ်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ ကြသည်။

       အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဘက်အတွင်း ရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။