Main menu

Background

(၁၇-၉-၂၀၂၁) မှ (၂၃-၉-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 10/01/2021 - 11:37 -- journal_editor

           ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြ ထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၆) နိုင်ငံအနက် လက်ဘနွန် နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၃၇.၉၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ဘူတန် နိုင်ငံတွင် (၁၂.၅၀ %)၊ ဖိလစ်ပိုင် နိုင်ငံတို့တွင် (၉.၄0 %)နှင့် ကင်ညာ နိုင်ငံတွင် (၅.၈၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၅၀) နိုင်ငံရှိကြောင်း တွေ့ရှိရ ပါသည်။

              ယခုတစ်ပတ်အတွင်း အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အိန္ဒိယ၊ နီပေါ၊ တောင်ကိုရီးယား၊ ဘာဘေဒို၊ ဒိန်းမတ်၊ အီဂျစ်၊ အိုက်စလန်၊ ဂျော်ဒန်၊ မက္ကဆီကို၊ မိုနာကို၊ ကာတာနှင့် ဆွစ်ဇာလန် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၆၀) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာ တွေ့ရှိရ ပါသည်။

          ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဗီယက်နမ်၊ ရုရှား၊ ကနေဒါ၊ နိုင်ဂျီးရီးယား၊ နော်ဝေ၊ ဆွီဒင်နှင့် ပေါ်တူကီ အပါအဝင် နိုင်ငံပေါင်း (၁၆) နိုင်ငံရှိပြီး ယခင် တစ်ပတ် စျေးနှုန်းထက် (၀.1၀ %) မှ (၂.၆၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

          အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီစျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင်နိုင်ငံတွင် (၉.၄၀ %)၊ မြန်မာနိုင်ငံတွင် (၃.၀၀ %)၊ ကမ္ဘောဒီးယားနိုင်ငံတွင် (၂.၃၀ %)နှင့် ထိုင်းနိုင်ငံတွင် (၁.၃၀ %) ဖြင့် စျေးနှုန်း မြင့်တက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် (၁.၃၀ %) ဖြင့် စျေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံ နိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

          ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (20) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂6) နိုင်ငံအနက် ဘူတန် နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၁၀.၆၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ကင်ညာ နိုင်ငံတွင် (၇.၂၀ %)၊ ပါကစ္စတန် နိုင်ငံတွင် (၄.၄၀ %)၊ ကမ္ဘောဒီးယား နိုင်ငံတွင် (၄.၃၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (5၃) နိုင်ငံရှိကြောင်း တွေ့ရှိရ ပါသည်။

           ယခုတစ်ပတ်အတွင်း အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ နီပေါ၊ တောင်ကိုရီးယား၊ အာဂျင်တီးနား၊ ဘာဘေဒို၊ အစ္စရေး၊ ဂျော်ဒန်၊ မက္ကဆီကို၊ မိုနာကို၊ ကာတာ၊ ရုရှား၊ ဆူဒန်နှင့် ဆီးရီးယား စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၅၈) နိုင်ငံတို့တွင် ယခင် အပတ်များအတိုင်း ဈေးနှုန်း အပြောင်းအလဲမရှိဘဲ ဒီဇယ် စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

           ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ အင်ဒိုရာ၊ ဟန်ဂေရီ၊ ပေါ်တူကီ၊ ဆွစ်ဇာလန်နှင့် မက်ဆီဒိုးနီးယား အပါအဝင် နိုင်ငံပေါင်း (၁၅) နိုင်ငံ ရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၃.၂၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရ ပါသည်။

           အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ကမ္ဘောဒီးယား နိုင်ငံတွင် (၄.၃၀ %)၊ မြန်မာနိုင်ငံတွင် (၃.၂၀ %)၊ လာအို နိုင်ငံတွင် (၂.၃၀ %)နှင့် ထိုင်းနိုင်ငံတွင် (၁.၁၀ %)  ဖြင့် စျေးနှုန်းမြင့်တက်ခဲ့ပြီး ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံတို့တွင် (၀.၉၀ %) ဖြင့် စျေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့စက်သုံးဆီ စျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၁၉) နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၀၆) ရှိပြီး စက်သုံးဆီ စျေးနှုန်း နိုင်ငံ အလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၇၄) ဒေါ်လာ နှုန်းဖြင့် (၂၉) နိုင်ငံမြောက် နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၇၀) ဒေါ်လာနှုန်းဖြင့် (၃၂) နိုင်ငံ မြောက် တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။

ကမ္ဘာ့ရေနံစိမ်းဈေးကွက်၌ အမေရိကန်နိုင်ငံ၏ ရေနံစိမ်းသိုလှောင်မှု များစွာ ကျဆင်း လာကြောင်း အချက်အလက်များ ဖော်ပြလာပြီးနောက် ရေနံစိမ်းစျေးသည် အတက်စျေးနှုန်းတွင် ဆက်လက် ဖြစ်ပေါ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် Brent ဈေးကွက်၌ ရေနံစိမ်းတစ်စည်လျှင် ၇၆.၁၉ ဒေါ်လာ၊ အမေရိကန် WTI ဈေးကွက်၌ ၇၂.၂၃ ဒေါ်လာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက် နေ့ထက် Brent ရေနံစိမ်း စျေးနှုန်းသည်  ၁.၄ % နှင့် WTI ရေနံစိမ်း စျေးနှုန်းသည် ၂.၇ %  အသီးသီး မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

  ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများအနေဖြင့် Yangon Denko စက်သုံးဆီဆိုင်၏ ရောင်းဈေးများအရ စက်တင်ဘာလ ၂၃ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၁၂၃၅ ကျပ်၊ အောက်တိန်း-95 တစ်လီတာလျှင် ၁၂၅၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၃၀ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၁၂၃၅ ကျပ်ဖြင့် ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၇၃၃၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၇၂၀၀ကျပ်၊ မြစ်ကြီးနားမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၅၇၆၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင်၅၆၂၅ကျပ်၊ မော်လမြိုင်မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၉၈၂၇ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၅၅၅၇ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ မြိတ် မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၄၉၇၃ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၄၈၆၀ ကျပ်၊ ပခုက္ကူမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၄၆၀၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်ဂါလံလျှင် ၂၄၀ ကျပ်နှင့် ဒီဇယ် တစ်ဂါလံလျှင် ၂၄၀ ကျပ်သို့ စျေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။