Main menu

Background

(၁၇-၉-၂၀၂၁) မှ (၂၃-၉-၂၀၂၁) ထိ ဆန်ပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 10/01/2021 - 11:39 -- journal_editor

ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်း များမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၃ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်း ဆန်စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၄ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၉ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၀ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၂ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရပါသည်။

            ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၈ ဖြင့် လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း အသီးသီး ရှိခဲ့သည်ကို လေ့လာ တွေ့ရှိရပါသည်။

          ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀၀ %) ဘီဂရိတ်ဆန်၊ ဧည့်မထ (၅ %) ဆန်၊ ဧည့်မထ (၂၅ %) ဆန်စျေးများ ကျဆင်းနေခဲ့ကြောင်း သိရှိရပါသည်။ ပါကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဧည့်မထ (၅ %)၊ ဧည့်မထ (၂၅ %)  ဆန်စျေးနှုန်းများ မြင့်တက်နေခဲ့ပြီး အိန္ဒိယ နိုင်ငံတွင် ဆန်စျေးမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ထိုင်း ဆန်ဈေးကွက်တွင် ထိုင်း (ဟွမ်မာလီဆန်) ဈေးနှုန်းမှာ တစ်တန်လျှင် (၈၆၀၀ မှ ၁၁၅၀၀ ဘတ် ) အကြားရှိပြီး ၎င်းဆန် တင်ပို့မှုတွင် နယူးယောက်နှင့် လော့အိန်ဂျလိစ်မြို့များသို့ ယခင် ကိုဗစ်-၁၉ မဖြစ်ပွားမီက ကွန်တိန်နာ တစ်လုံး ဒေါ်လာ (၃၀၀၀-၄၀၀၀) ခန့် ရှိသော်လည်း လက်ရှိတွင် ၅ ဆခန့် မြင့်မား နေသဖြင့် ထိုင်းဆန်သစ်ဈေး ကျဆင်းနေကြောင်း ဟွမ်မာလီဆန်တင်ပို့မှုတွင်လည်း ပြီးခဲ့သည့်နှစ် ထက် ၆.၇ ရာခိုင်နှုန်း ကျဆင်းနေကြောင်း သိရှိရပါသည်၊

      ဆန်စျေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းအနေဖြင့် လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ (ယာယီ) စာရင်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း (၃၀) ကျော်သို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၀၃၀၃၅၈.၄၅၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၁၆.၂၁၆ သန်း၊ ဆန်ကွဲ တန်ချိန် ၇၆၉၄၈၆.၉၃၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၉.၈၀၂ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၇၉၉၈၄၅.၃၈၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၇၆.၀၁၈ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၁၅၉၁၄၁၉.၀၀၉ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၂၀.၄၈၇ သန်း၊ ဆန်ကွဲ တန်ချိန် ၉၅၉၄၂၃.၀၄၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ 2၆၁.၁၆၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၅၅၀၈၄၂.၀၄၉ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၈၁.၆၅၂ သန်း ဖြစ်ကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရှိရပါသည်။

          ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၅၆၁၀၆၀.၅၅၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၄.၂၇၁ သန်း တင်ပို့မှု လျော့နည်းခဲ့သည်ကို တွေ့ရှိရပါသည်။ ဆန်ကွဲ တင်ပို့မှုတွင် တန်ချိန် 1၈၉၉၃၆.၁၁၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၃၆၃ သန်း လျော့နည်း ခဲ့ကြောင်း သိရှိရပါသည်။ ဆန်နှင့်ဆန်ကွဲကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ပြီး ဘယ်လ်ဂျီယံ နိုင်ငံသို့လည်း ဆန်ကွဲတင်ပို့နိုင်မှု မြင့်တက်ခဲ့ကြောင်း  မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရှိရပါသည်။

        မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၂၉၀ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၃၃၃၅၀ ကျပ်မှ ၃၄၈၀၀ ကျပ်ကြား ပေါက်စျေးရှိကြောင်း သိရှိရပါသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၅၅ ကျပ်နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။

        တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၄၀၀ ကျပ်နှင့် မုံရွာမြို့တွင် ၂၂၀၀ ကျပ် ဖြင့် အမြင့်ဆုံးစျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ဘားအံ၊ မြိတ်၊ ရန်ကုန်နှင့် ပြည် မြို့တို့တွင် ၁၂၀၀ ကျပ်ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

         Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန် စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၁.၃၅ ရာခိုင်နှုန်း စျေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရ ပါသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် နိုင်ငံတကာ ဆန်စျေးနှုန်းများတွင် အတက်/ အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲ မှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။