Main menu

Background

(၁၆-၉-၂၀၂၁)မှ (၂၃-၉-၂၀၂၁)အထိ သကြားပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 10/01/2021 - 11:44 -- journal_editor

           ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ(White Sugar) တစ်တန်လျှင် (၂-၈-၂၀၂၁) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၄၅၆.၇၅) ဒေါ်လာပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

          သကြားဈေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့် လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ (ယာယီ) စာရင်း များအရ သကြား တန်ချိန် (၁.6) သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ သကြားတင်ပို့မှုသည် တန်ချိန် ၁ သိန်းကျော် ရှိကြောင်း တွေ့ရှိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ သကြားစျေးကွက်ကို လေ့လာရာတွင် ဗီယက်နမ်နိုင်ငံအတွင်း သကြား (၁) တန်ပေါက်စျေးမှာ ဗီယက်နမ်ငွေကြေး ၁၆၈၀၀ Dong/kg (အမေရိကန်ဒေါ်လာ ၇၃၀ ခန့်) ရှိကြောင်း၊ ဗီယက်နမ် သကြားစျေးကွက်သို့ ထိုင်းနှင့် အခြားနိုင်ငံများမှ သကြားများလည်း ဝင်ရောက်ခဲ့ပြီး ဗီယက်နမ် နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ထိုင်းသကြားထုတ်ကုန်များအပေါ်တွင် အခွန် ၄၇.၆၄ ရာခိုင်နှုန်းကို နောက်လာမည့် ၅ နှစ်အထိ anti-dumping duty လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးမှ ပြောကြားခဲ့သည်ကို သိရှိရ ပါသည်။ ဗီယက်နမ်နိုင်ငံ၏ စက်မှုဝန်ကြီးဌာနသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကုန် ပိုင်းတွင် စစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ပြီး ပြည်တွင်းလုပ်ငန်းများ၏ အခွင့်အရေးနှင့် အကျိုး စီးပွားကို ကာကွယ်ရန်အတွက် သကြားတင်သွင်းမှုများကို anti-dumping duty လုပ်ဆောင်ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

           ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် တရုတ်နိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော သကြား ဈေးနှုန်းမှာ (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၈၇၃) ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး၊ အမေရိကန် နိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၃၈၇) ဒေါ်လာ၊ ပါကစ္စတန်နိုင်ငံတွင် (၁) တန် လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၆၀၉-၆၂၀) ဒေါ်လာ၊ အိန္ဒိယနိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၄၇၆-၅၇၃) ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အိန္ဒိယနှင့် အမေရိကန် နိုင်ငံတို့တွင် သကြားစျေးနှုန်း မြင့်တက်နေခဲ့ပြီး တရုတ်နှင့် ပါကစ္စတန် နိုင်ငံတို့တွင် သကြား စျေးနှုန်းမှာ အနည်းငယ် ကျဆင်းနေခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

           ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်ဒေသ၌ သကြား (၁) တန်လျှင် ပျမ်းမျှစျေးမှာ အမေရိကန်ဒေါ်လာ (၄၃၀) ဒေါ်လာရှိပြီး တရုတ်နိုင်ငံတွင် သကြား (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၈၇၃) ဒေါ်လာ ပေါက်စျေးရှိသောကြောင့် (၁) တန် ပေါ်တွင် အမေရိကန်ဒေါ်လာ (၄၄၃) ဒေါ်လာ ဈေးနှုန်း ကွာဟချက် ရှိပါသည်။ မြန်မာ-ထိုင်း နယ်စပ်၊ မြဝတီမြို့တွင် သကြား (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၃၃) ဝန်းကျင်ရှိပြီး ထိုင်း နိုင်ငံ၊ မဲဆောက်မြို့၌ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၇၁) ဝန်းကျင်ခန့် ရှိကြောင်း လေ့လာ သိရှိရပါသည်။

          ထို့အပြင် ရက်သတ္တပတ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော သကြားပေါက်ဈေးများကို လေ့လာရာတွင် မြစ်ကြီးနား၊ ကျိုင်းတုံ၊ ရန်ကုန်၊ ဟားခါးနှင့် မန္တလေးမြို့တို့တွင် သကြား ၁ ပိဿာလျှင် (၂၀၀၀) ကျပ်နှင့် မြိတ်မြို့တွင် သကြား ၁ ပိဿာလျှင် (၁၈၀၀) ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး လားရှိုးနှင့် မော်လမြိုင်မြို့တို့တွင် သကြား ၁ ပိဿာလျှင် (၁၂၀၀) ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။       

          Trading Economics Website တွင် ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ကမ္ဘာ့သကြားဈေးနှုန်းများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ၀.၉၇ % ဈေးနှုန်း ကျဆင်းခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။