Main menu

Background

(၁၇-၉-၂၀၂၁) မှ (၂၃-၉-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 10/01/2021 - 11:50 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၈၃ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၇၆ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း စက်တင်ဘာလ ၁၆ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈၃၅၀၀၀ ကျပ် ပေါက်ဈေး ရှိခဲ့ရာမှ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၁၈၈၀၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရပါသည်။ ငွေကြေးစျေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးပြိုင် လေလံစနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၁၅) သန်းကို တစ်ဒေါ်လာလျှင် ၁၇၅၀ ကျပ်ဖြင့် ထပ်မံရောင်းချခဲ့ကြောင်း သိရှိရပါသည်။ ဗဟိုဘဏ်အနေဖြင့် ယခုအကြိမ်သည် စက်တင်ဘာလအတွင်း တတိယကြိမ်မြောက် ရောင်းချခြင်းဖြစ်ပြီး စုစုပေါင်း ဒေါ်လာ (၃၈) သန်း ရောင်းချထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။  

        မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ website တွင် Economic Indicator (%) ဖော်ပြချက် များအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် GDP Growth 3.20 % ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Annual Rate of Inflation 2.61 % နှင့် Year on Year Inflation 1.51 % ရှိသည်ကို လေ့လာ သိရှိရပါသည်။       ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၆ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၇၅၀ ကျပ်ရှိခဲ့ရာမှ စက်တင်ဘာလ ၂၂ ရက် နေ့တွင် တစ်ဒေါ်လာလျှင် ၁၇၅၅ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာ ငွေ လဲလှယ်နှုန်းမှာ တစ်ပတ်အတွင်း ၀.၂၉ % မြင့်တက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကို လေ့လာရာတွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၆၀ ကျပ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၀၀ ကျပ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၀၀ ကျပ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၁၀ ကျပ်နှင့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၂၀ ကျပ် အသီးသီး ပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။