Main menu

Background

Indo-ASEAN Business Summit & Expo သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး‌ဒေါက်တာပွင့်ဆန်းတက်ရောက်အမှာစကားပြောကြား

Mon, 10/11/2021 - 13:40 -- journal_editor

             ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ (၁၁:၃၀) နာရီ အချိန်တွင် ဗွီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပပြုလုပ်သည့် Indo-ASEANBusiness Summit & Expo သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားသည်။

          Indo-ASEANBusiness Summit & Expo အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ အာဆီယံနှင့်အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေးနှင့်ကုန်သွယ်မှုများတွင် ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလအားဖြင့်ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ အာဆီယံနှင့်အိန္ဒိယတို့သည် စီးပွားရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်မှုတွင်လည်း အလွန်နက်ရှိင်းသည့်ဆက်ဆံရေးရှိပါကြောင်း၊ အိန္ဒိယနိုင်ငံသည် အာဆီယံအတွက်သာမက မြန်မာနိုင်ငံအတွက်လည်း အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊ အာဆီယံ-အိန္ဒိယ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒေသတွင်းရှိ ပြည်သူများအတွက် အခွင့်အလမ်းများနှင့်အောင်မြင်မှုများ ကိုယူဆောင်လာနိုင်မည်ဟု မိမိအနေဖြင့်ယုံကြည်ပါကြောင်း၊ အာဆီယံ-အိန္ဒိယ FTA အောက်မှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာအကူအညီ၊ သင်တန်း/ ဆွေးနွေးပွဲများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းနိုင်ငံ များနှင့်သာမက အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မိတ်ဖက်နိုင်ငံများနှင့်လက်တွဲဆောင်ရွက်သွားလိုပါကြောင်း၊ ၄င်းအပြင် ကုန်သွယ်မှုတိုးမြှင့်ရေးနှင့်အဆင်ပြေ ချောမွေ့စေရေးအတွက် အရေးပါသည့် အကောက်အခွန်မဟုတ်သော အတားအဆီးများဖြေလျော့ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရင်ဆိုင်နေကြရသည့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးစိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး အေးချမ်း၍ဖွံ့ဖြိုးတိုးတက်သောဒေသအဖြစ် ဖန်တီးသွားနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့သည်။

               အဆိုပါ Business Summit & Expo သို့ အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Piyush Goyal နှင့် အာဆီယံနိုင်ငံများမှကုန်သွယ်ရေးဝန်ကြီးများ၊ အိန္ဒိယနိုင်ငံ Confederation of Indian Industry (CII) မှ ဥက္ကဌ Mr.T V Narendran နှင့် ညွှန်ကြားရေးမှူးချုပ် Mr.Chandrajit Banerjee နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC(IR)