Main menu

Background

ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကိစ္စများနှင့်ပတ်သက်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့််ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတက်ရောက်အမှာစကားပြောကြား

Mon, 10/11/2021 - 14:02 -- journal_editor

            ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌  Virtual စနစ် ဖြင့် ကျင်းပပြုလုပ်သော ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်​ရေးဝန်ကြီးဌာန ၊  ဒုတိယဝန်ကြီးဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မူဆယ်ဒေသနှင်ချင်းရွှေဟော်ဒေသတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်‌ရေးဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကုသရေးစင်တာများ တည်ဆောက်ပြီးစီးမှုများ၊ RTPCR စက်ကြီးများဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးဆောင်ရွက်နေမှုများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအခြေအနေများ၊ ကုန်တင်ယာဉ်ကြီးများ ယာယီကုန်ချိန်ကွင်းတည်ဆောက်နေမှုများနှင့် ရှန်တိန် ယာဉ်မောင်းများအား အဆင်သင့်ပြင်ဆင်ထားရှိမှုများ  မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုနှင့်ပတ်သက်၍ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့်ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများ မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်ပြီးနောက် ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်ရာတွင်  မိမိတို့နိုင်ငံဘက်၌ ရောင်းသူ ဈေးကွက်ဖြစ်ပေါ်စေရေး၊ နှစ်နိုင်ငံမျှတသည့်ကုန်သွယ်မှုဖြစ်ပေါ်စေရေး၊ တစ်ဖက်နိုင်ငံတာဝန်ရှိသူများနှင့် ကြိုတင်တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး ရာတွင် ကွမ်းလုံသံလွင်မြစ်ကူးတံတားသစ် စီမံကိန်းတည်ဆောက်နေဆဲကာလတွင် အသုံးပြုနိုင်ရန်အတွက် ခံနိုင်ဝန်အား တန်ချိန် (၅၀) ယာဉ် ဖြတ်သန်းနိုင်သည့် ယာယီဘေလီတံတားအား အောက်တိုဘာလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရှိရပြီး ယာယီတံတားတည်ဆောက်ပြီးစီးပါက ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

          အစည်းအ‌ဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကုန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ မူဆယ်ခရိုင်  Task Force အဖွဲ့ဝင်များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး (၁၅:၃၀) နာရီအချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။