Main menu

Background

စီးပွားရေးသံမှူးသင်တန်း(၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Tue, 10/26/2021 - 10:28 -- journal_editor

နေပြည်တော်၊ အောက်တိုဘာ၂၅      ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ (၀၉:၀၀)နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သော စီးပွားရေးသံမှူးသင်တန်း (၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးသံမှူးသင်တန်း(၂၀၂၁) ကို ဇူလိုင်လတွင် ဖွင့်လှစ်ရန်စီစဉ် ခဲ့‌သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်းများပြားလာသည့်အတွက် ခေတ္တဆိုင်းငံ့ထားခဲ့ရ ပါကြောင်း၊ Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ်၊ ကုသရေး ဗဟိုကော် မတီ၏ ခွင့်ပြုချက်အရ စည်းကမ်းချက်များနှင့်အညီ ယနေ့ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပြည်ပ ကုန်သွယ်ဖက်နိုင်ငံများသို့ စီးပွားရေးသံမှူးများကို ၂၀၁၂ ခုနှစ်မှ စတင်စေလွှတ်ခဲ့ရာ ယခု(၄) ကြိမ်မြောက်အဖြစ် စေလွှတ်မှာဖြစ်ကြောင်း၊ စီးပွားရေးသံမှူးဆိုသော်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြှင့်တင်ရေးကိစ္စများကို အထူးအလေးပေးဆောင်ရွက်ရန်လိုကြောင်း၊ ယခုသင်တန်းသို့ စီးပွားရေးနှင့် ဆက်စပ်သောဝန်ကြီးဌာနများမှ အရာထမ်း (၃၈) ဦး တက် ရောက်ကြမှာဖြစ်ပြီး အရည်အချင်းပြည့်မီသူများကို သေချာစွာစီစစ်၍ ရွေးချယ်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်းနိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေး သံမှူးများကို ရှေ့တန်းတိုက်စစ်မှူးများအဖြစ် အားထားပါကြောင်း၊ သင်တန်းတွင် စီးပွားရေး သံမှူးများ သိရှိလေ့လာထားရမည့်ဘာသာရပ်များကို ပို့ချသွားရန်စီစဉ်ထားရာ သင်တန်းသား များအနေဖြင့် စိတ်ဝင်စားစွာသင်ယူစေလိုကြောင်း၊ လက်ရှိစေလွှတ်ထားသည့် စီးပွားရေးသံမှူး များထံမှ ဗဟုသုတ၊ အတွေ့အကြုံနှင့် အချက်အလက်များကိုချိတ်ဆက်ရယူပြီး ကိုယ်တိုင် တာဝန်ထမ်းဆောင်သည့်အခါ အဆင်သင့်ဖြစ်စေရန် ကြိုးစားသွားရမည်လည်းဖြစ်ကြောင်း၊ နိုင်ငံ့ပို့ကုန်တိုးတက်ရေးအတွက် ထုတ်ကုန်များအမယ်စုံတင်ပို့နိုင်ရေး၊ စံချိန်စံညွှန်းနှင့် ကိုက်ညီ ရေး၊ ဈေးကွက်သစ်များရှာဖွေရေး၊ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ရေး၊ တစ်ဖက်နိုင်ငံနှင့် စေ့စပ်ညှိ နှိုင်းရေးနှင့် ကုန်သွယ်မှုဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းများကို လေ့လာပြီး လက်တွေ့လုပ်ငန်း ခွင်တွင် ပေါင်းစပ်အသုံးချဆောင်ရွက်သွားရမည်ဖြစ်ရာ သင်တန်းတွင် ပို့ချချက်များကို အားကြိုး မာန်တက် လေ့လာသွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးသံမှူးများကို ၂၀၁၈ ခုနှစ်မှစတင်၍ တာဝန်ယူပြီး ရွေးချယ်စေလွှတ်ခဲ့ရာ ယခုသင်တန်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့သည် အဓိကဖြစ်၍ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖေါက်နိုင်စေရေးအတွက် စီးပွားရေးသံမှူးများအား နိုင်ငံတော်မှ ဘဏ္ဍာငွေ အများအပြားကုန်ကျခံစေလွှတ်ထားခြင်းကို သိရှိစေလိုကြောင်း၊ လက်ရှိအခြေအနေအရ စီးပွား ရေးသံမှူးများ စေလွှတ်ထားသော အနောက်နိုင်ငံများမှာ ကုန်သွယ်မှုနှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မှုနည်းနေသော်လည်း စီးပွားရေး၊ လူမှုရေးအခြေအနေများကို လေ့လာတင်ပြလျက် ရှိသည်ကိုတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဘက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ စီးပွားရေးသံမှူး (၄) ဦးစေလွှတ်ထားကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် နယ်စပ်ကုန် သွယ်ရေးအပါအဝင် ကုန်သွယ်မှုအများအပြားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ လယ် ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ သစ်သီးဝလံများ၊ ကျွဲနွားများတင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံသို့ စေလွှတ်ထားသည့် စီးပွားရေးသံမှူးများမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)နှင့် ညှိနှိုင်းချိတ်ဆက်ပြီးကြိုးစား ဆောင်ရွက်နိုင်ခဲ့သဖြင့် မြန်မာပို့ကုန်အများအပြား တင်ပို့နိုင်ခဲ့ကာ နိုင်ငံအတွက်များစွာ အကျိုးရှိ ခဲ့ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းတွင်ပို့ချ ပေးမည့်ဘာသာရပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူသွားကြရန်မှာကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊အဆင့်မြင့်အရာရှိကြီးများ၊သင်တန်းသား/ သင်တန်းသူ(၃၈)ဦးနှင့် တာဝန်ရှိသူ များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

 

MOC (IR)