Main menu

Background

ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သောင်းကိုးထောင်ကျော်တင်ပို့

Fri, 10/29/2021 - 13:56 -- journal_editor

၂၀၂၁ခုနှစ် အောက်တိုဘာ ၁ရက်မှ ၁၅ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၄ဒသမ၈၄၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၄၁၇၀ ကျော် တင်ပို့ခဲ့ရာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၀၆၂၀ ကျော် အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၂၅၀၀ခန့်နှင့် နယူးဂီနီသို့ ဆန်တန်ချိန် ၁၀၄၀နီးပါး တင်ပို့ခဲ့ ကြောင်း သိရသည်။

အများဆုံးတင်ပို့သည့်နိုင်ငံများမှာ အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံ သို့ဆန်တန်ချိန် ၇၉၀၀ကျော်နှင့်ဗီယက်နမ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀၀ကျော် တင်ပို့ခဲ့ သည်။ အီးယူနိုင်ငံအဖွဲ့ဝင်နိုင်ငံများမှ စပိန်နိုင်ငံသို့ ၁၇၉၀ ကျော်နှင့် ဂျာမနီနိုင်ငံသို့ ၆၉၀ ကျော်တင်ပို့ခဲ့ပြီး နယူးဂီနီနိုင်ငံသို့ဆန်တန်ချိန် ၁၀၄၀ ခန့်တင်ပို့ခဲ့သည်။

အောက်တိုဘာ ၁ရက်မှ ၁၅ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၄ဒသမ ၆၅၅သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၅၀၀၀ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၁၄၁၀၀နှင့် အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်သော ဘယ်လ်ဂျီယန်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၉၀၀ကျော် တင်ပို့နိုင်ခဲ့သည်။

 အောက်တိုဘာလဆန်းမှ ၁၅ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၁၄၀၀၀ကျော်နှင် ဆန်ကွဲတန်ချိန် ၁၅၀၀၀ကျော်တင်ပို့ခဲ့ရာ ဆန်နှင့်ဆန်ကွဲစုစုပေါင်းတန်ချိန် ၂၉၀၀၀ကျော်တင်ပို့ခဲ့ကြောင်းသိရသည်။

 

အေးအေးသန့်