Main menu

Background

နယ်စပ်နှင့်ပင်လယ်ရေကြောင်းမှပြောင်းတန်ချိန်တစ်သောင်းခန့်တင်ပို့

Fri, 10/29/2021 - 13:56 -- journal_editor

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ရက်မှ ၁၅ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်မှ အမေရိကန်ဒေါ်လာ သုညဒဿမ ၁၆၀သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် တစ်ထောင် ခန့် တင်ပို့ခဲ့ကြောင်းသိရှိရသည်။

အောက်တိုဘာလ ၁ရက်မှ ၁၅ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှု အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၅၀၀ ခန့်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်း တန်ချိန် ၈၃၈၀ကျော် စုစုပေါင်း တန်ချိန် ၈၈၈၀ ကျော် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂ဒဿမ ၁၀၅ သန်း ဖိုးတင်ပို့ခဲ့ရာ နယ်စပ်နှင့် ပင်လယ်ရေကြောင်း မှ ပြောင်း တန်ချိန် တစ်သောင်းခန့် တင်ပို့ခဲ့ကြောင်း သိရှိရသည်။

အေးအေးသန့်