Main menu

Background

ရော်ဘာတန်ချိန်နှစ်ထောင်ခုနှစ်ရာကျော်တင်ပို့

Fri, 10/29/2021 - 13:57 -- journal_editor

၂၀၂၁ ခုနှစ်အောက်တိုဘာလဆန်းမှ ၁၅ရက်ထိကာလတွင်း မြန်မာ-ထိုင်းနယ်စပ်မှ သဘာဝရော်ဘာတန် ၃၀ခန့် နှင့် မြန်မာ-တရုတ်နယ်စပ်မှ သဘာဝရော်ဘာတန် ၂၀ ကျော် စုစုပေါင်းတန်ချိန် ၅၀ ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒဿမ ၀၇၄ သန်းဖိုးတင်ပို့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်ထိ ကာလတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၇၁၁ ခန့်၊ မလေးရှားနိုင်ငံသို့  ၈၅၆ ခန့် နှင့် ပါကစ္စတန်နိုင်ငံသို့  ၈၄တန်ခန့် စုစုပေါင်းတန်ချိန် ၂၆၅၁ ခန့် နှင့်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒဿမ ၆၈၃ သန်းဖိုးတင်ပို့ကြောင်းသိရှိရသည်၊။ နယ်စပ်ကုန် သွယ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စုစုပေါင်း ရော်ဘာတင်ပို့မှု တန်ချိန် ၂၇၀၀ ကျော် ရှိကြောင်းသိရှိရသည်။

 

အေးအေးသန့်