Main menu

Background

မိုးစပါးများရိတ်သိမ်းချိန်တွင် တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Mon, 11/01/2021 - 09:34 -- journal_editor

နေပြည်တော်၊ အောက်တိုဘာ ၂၉     ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့၊ နံနက် (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် မိုးစပါးများရိတ်သိမ်းချိန်တွင် တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက် ရောက်အမှာစကားပြောကြားခဲ့သည်။

          အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ တိုင်းဒေသကြီးအလိုက် မိုးစပါး စိုက်ပျိုးမှု၊ ရိတ်သိမ်းနေမှုအခြေအနေ၊ စက်မှုလယ်ယာနှင့် ပုဂ္ဂလိက ရိတ်သိမ်းခြွေလှေ့စက်များ ဖြင့် ရိတ်သိမ်းပေးနိုင်မှုအခြေအနေများ၊ ပြည်တွင်း၌ စက်သုံးဆီထုတ်လုပ်မှုနှင့် လက်ကျန်၊ တိုင်း ဒေသကြီးအလိုက် စက်သုံးဆီလိုအပ်ချက်အခြေအနေများ၊ မိုးစပါးများ ရိတ်သိမ်းချိန်အမီ တောင်သူ လယ်သမားများအား စက်သုံးဆီများ အမြန်ဆုံးဖြန့်ဖြူးရောင်းချပေးနိုင်ရေးတို့အတွက် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ အတွင်းရေးမှူးများ၊ UMFCCI၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့မှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြပြီး စက်သုံးဆီများကို ရိတ်သိမ်းချိန်အမီ သက်သောသောဈေးနှုန်းဖြင့် အမြန်ဆုံးဖြန့် ဖြူးရောင်းချနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများအပေါ် ကဏ္ဍအလိုက်ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။

MOC (IR)