Main menu

Background

(၂၂-၁၀-၂၀၂၁) မှ (၂၈-၁၀-၂၀၂၁) ထိ ဆန်ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Mon, 11/01/2021 - 11:26 -- journal_editor

         ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်း များမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၀ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်း ဆန်စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၁ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၂ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၇ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၅ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရပါသည်။

            ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၈ ဖြင့် လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း အသီးသီး ရှိခဲ့သည်ကို လေ့လာ တွေ့ရှိရပါသည်။

          ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀၀ %) ဘီဂရိတ်ဆန်၊ ဧည့်မထ (၅ %) ဆန်၊ ဧည့်မထ (၂၅ %)၊ ဗီယက်နမ်နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့၏ ဆန်စျေးနှုန်းများမှာ အနည်းငယ် ကျဆင်းနေကာ အိန္ဒိယနိုင်ငံ၏ ဆန်စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရပါ သည်။

            ဆန်စျေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့် လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံ များသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် 48100 တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ 16.472 သန်း၊ ဆန်ကွဲ တန်ချိန် 50064 တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ 15.634 သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် 98164 တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း 32.106 သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် 35594.250 တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ 14.354 သန်း၊ ဆန်ကွဲတန်ချိန် 28062.500 တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ 8.698 သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် 63656.750 တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း 23.052 သန်း ဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများ အရ သိရှိရပါသည်။

         ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် 12505.750 တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ 2.118 သန်း ပိုမို တင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဆန်ကွဲ တင်ပို့မှုတွင် တန်ချိန် 22001.50 တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ 6.936 သန်း ပိုမိုတင်ပို့ခဲ့သည်ကို သိရှိရပါသည်။

         မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၂၇၉ ကျပ်နှုန်း ရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၃၂၀၈၅ ကျပ်မှ ၃၃၄၈၀ ကျပ်ကြား ပေါက်စျေး ရှိကြောင်း သိရှိရပါသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း အနေဖြင့် ၁ ဘတ်လျှင် ၅၇ကျပ်နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။

         တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန်တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၄၀၀ ကျပ်နှင့် မုံရွာမြို့တွင် ၂၂၀၀ ကျပ် ဖြင့် အမြင့်ဆုံး စျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ဘားအံ၊ ရန်ကုန်နှင့် ပြည် မြို့တို့တွင် ၁၂၀၀ ကျပ်ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

         Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန် စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက 1.99 ရာခိုင်နှုန်း စျေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရ ပါသည်။ ၂၀၂၁ ခုနှစ်၊ ​အောက်တိုဘာလ နောက်ဆုံးပတ်တွင် နိုင်ငံတကာ ဆန်စျေးနှုန်းများတွင် အတက်/ အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။