Main menu

Background

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ခုနှစ်သောင်းခန့်တင်ပို့

Wed, 11/03/2021 - 14:15 -- journal_editor

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၆ရက် မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း မှ အမေရိကန်ဒေါ်လာ ၇ဒသမ၁၂၇သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၁၀၉၀ ခန့် တင်ပို့ခဲ့ရာ အာရှ နိုင်ငံများသို့ဆန်တန်ချိန် ၁၅၃၈၀ခန့်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၅၄၅၀ခန့် နှင့် နယူးဂီနီနိုင်ငံသို့ ဆန်တန်ချိန် ၂၆၀နီးပါး တင်ပို့ခဲ့ကြောင်း သိရှိရသည်။

အများဆုံးတင်ပို့သည့်နိုင်ငံများမှာ အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၉၆၆၀ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၅၃၃၀ခန့် နှင့် အီးယူအဖွဲ့ဝင်နိုင်ငံ ဖြစ်သော ပိုလန်နိုင်ငံသို့ဆန်တန်ချိန် ၅၂၂၀ကျော် တင်ပို့ခဲ့သည်။

အောက်တိုဘာ ၁၆ရက်မှ ၃၁ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၆ဒသမ၀၀၅သန်းတန်ဖိုးရှိဆန်ကွဲတန်ချိန် ၁၉၀၀၀ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ နိုင်ငံအလိုက် တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ဆန်ကွဲတန်ချိန် ၁၇၅၀၀ကျော် နှင့်ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၅၀၀ခန့် တင်ပို့ခဲ့သည်။

အောက်တိုဘာ ၁၆ရက်မှ  ၃၁ရက်ထိကာလအတွင်း မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ် ရေး စခန်းမှ ဆန်ကွဲတန်ချိန် ၉၀ခန့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုညဒသမ ၀၃၂သန်း တင်ပို့ခဲ့သည်။

 အောက်တိုဘာ ၁ရက်မှ ၃၁ရက်ထိတစ်လတာကာလအတွင်း ဆန်တန်ချိန် ၃၅၀၀၀ကျော် နှင့် ဆန်ကွဲတန်ချိန် ၃၄၀၀၀ကျော် တင်ပို့ခဲ့သည့်အတွက် ဆန်နှင့်ဆန်ကွဲစုစုပေါင်းတန်ချိန် ၇၀၀၀၀ခန့် တင်ပို့ခဲ့ကြောင်းသိရှိရသည်။

အေးအေးသန့်