Main menu

Background

နယ်စပ်နှင့်ပင်လယ်ရေကြောင်းမှအောက်တိုဘာလအတွက် ပြောင်းတန်ချိန် သုံးသောင်းခုနှစ် ထောင်ကျော်တင်ပို့

Wed, 11/03/2021 - 14:17 -- journal_editor

 

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁၆ရက်မှ ၃၁ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်မှ ပြောင်းတန်ချိန် ၆၀၀ နှင့် မြန်မာ-ထိုင်းနယ်စပ်မှ ပြောင်းတန်ချိန် ၆၄၀ကျော် စုစုပေါင်း တန်ချိန် ၁၂၄၀ကျော်  တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၂၄၄သန်း ဖိုး တင်ပို့ခဲ့ ကြောင်း သိရှိရသည်။

 အောက်တိုဘာလ ၁၆ရက်မှ ၃၁ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှုအနေဖြင့်  ဖိလစ်ပိုင်နိင်ငံသို့ ပြောင်းတန်ချိန် ၁၆၀၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ပြောင်း တန်ချိန် ၂၁၂၀ကျော်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ပြောင်းတန်ချိန် ၈၀၀၀ခန့်တင်ပို့ခဲ့သဖြင့် စုစုပေါင်းတန်ချိန် ၂၆၁၀၀ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ ၆ဒသမ ၁၃၄သန်းခန့် ရှိကြောင်း သိရှိရသည်။

အောက်တိုဘာလတစ်လလုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပြောင်းတန်ချိန် ၂၂၄၀ကျော်နှင့် ပင်လယ်ရေကြောင်းမှ တန်ချိန် ၃၅၀၀၀ခန့်တင်ပို့ခဲ့သဖြင့် စုစုပေါင်းပြောင်း တန်ချိန် ၃၇၀၀၀တင်ပို့ခဲ့သည်။

အေးအေးသန့်