Main menu

Background

ရော်ဘာတန်ချိန် ငါးထောင်နီးပါးတင်ပို့

Wed, 11/03/2021 - 14:19 -- journal_editor

၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၆ရက်မှ ၃၁ရက်ထိ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်မှ သဘာဝရော်ဘာတန်ချိန် ၁၂၀ခန့် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၁၆၈သန်း ဖိုးတင်ပို့ခဲ့ ကြောင်းသိရှိရသည်။

အောက်တိုဘာလ ၁၆ရက်မှ ၃၁ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ဒသမ၈၆၁သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၉၄၀ကျော်တင်ပို့ခဲ့သည်။ နိုင်ငံအလိုက် တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာတန်ချိန်၈၀၀ကျော်၊ မလေးရှား နိုင်ငံသို့ရော်ဘာတန်ချိန် ၇၀၀ခန့် အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၄၀ခန့်၊ အိန္ဒိယ နိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၀၀ကျော်နှင့် တောင်ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀၀ ကျော် တင်ပို့ခဲ့ပါသည်။

 အောက်တိုဘာလတစ်လလုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာတန်ချိန် ၁၇၀ နှင့် ပင်လယ်ရေကြောင်းမှတန်ချိန် ၄၆၀၀ခန့် တင်ပို့ခဲ့သဖြင့် ရော်ဘာစုစုပေါင်းတန်ချိန် ၄၇၄၀ခန့်တင်ပို့ခဲ့ကြောင်းသိရှိရသည်။

အေးအေးသန့်