Main menu

Background

(၂၉-၁၀-၂၀၂၁) မှ (၃-၁၁-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 11/05/2021 - 14:27 -- journal_editor

ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထား ရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၃) နိုင်ငံအနက် အာဖဂန်နစ္စတန် နိုင်ငံသည် ယခင် အပတ် စျေးနှုန်းထက် (၁၆.၉၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး UAE နိုင်ငံတွင် (၈.၀၀ %)၊ အယ်လ်ဘေးနီးယား နိုင်ငံတို့တွင် (၇.၄၀ %)နှင့် ခရိုအေးရှား နိုင်ငံတွင် (၅.၃၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၂၅) နိုင်ငံရှိကြောင်း တွေ့ရှိရ ပါသည်။

              ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ဘာဘေဒို၊ အီဂျစ်၊ ဂရိ၊ အစ္စရေးနှင့် ဂျော်ဒန်  စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၉၅) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်း များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာ တွေ့ရှိရပါသည်။

           ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် အာဂျင်တီးနား၊ သြစတြေးလျ၊ ကနေဒါ အပါအဝင် နိုင်ငံပေါင်း (၃) နိုင်ငံသာရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၂၀ %) မှ (၀.၅၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

           အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

         ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၃) နိုင်ငံအနက် အာဖဂန်နစ္စတန် နိုင်ငံ သည် ယခင်အပတ် စျေးနှုန်းထက် (၂၅.၀၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး UAE နိုင်ငံတွင် (၁၂.၀၀ %)၊ Cape Verde နိုင်ငံတို့တွင် (၈.၇၀ %)နှင့် အယ်လ်ဘေးနီးယား နိုင်ငံတို့တွင် (၇.၅၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၂၁) နိုင်ငံရှိကြောင်း တွေ့ရှိရပါသည်။

          ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ဘီနင်း၊ ကင်ညာ၊ နယ်သာလန်၊ နော်ဝေနှင့် ကာတာ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၉၈) နိုင်ငံတို့တွင် ယခင်အပတ်များအတိုင်း ဈေးနှုန်း အပြောင်းအလဲ မရှိဘဲ ဒီဇယ်စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

           ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် အာဂျင်တီးနား၊ မက္ကဆီကို၊ တန်ဇန်းနီးယား၊ ပီရူး အပါအဝင် နိုင်ငံပေါင်း (၄) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၀.၉၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

           အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေခဲ့ကြောင်း လေ့လာတွေ့ရှိရ ပါသည်။

          ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြ ထားရှိသည့် ကမ္ဘာ့စက်သုံးဆီ စျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၂၄) နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၁၂) ရှိပြီး စက်သုံးဆီ စျေးနှုန်း နိုင်ငံ အလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၉၀) ဒေါ်လာနှုန်းဖြင့် (၃၇) နိုင်ငံမြောက် နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၇၉) ဒေါ်လာနှုန်းဖြင့် (၃၃) နိုင်ငံမြောက်တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။

                  ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ကျဆင်းလာခြင်းနှင့် ရေနံ ဝယ်လိုအား ပြန်လည်ဦးမော့လာချိန်တွင် ရေနံထုတ်လုပ်သည့် နိုင်ငံငယ်များတွင် သိုလှောင်မှုနှင့် ထုတ်လုပ်နိုင်စွမ်း အကန့်အသတ်များ ရှိနေခြင်းကြောင့် အိုပက်၏ အောက်တိုဘာလအတွင်းတွင် ရေနံအထွက်နှုန်းသည် ရေနံထုတ် မဟာမိတ်နိုင်ငံများအကြား သဘောတူညီထားသည့် နှုန်းထား ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိခြင်းကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ အထက်တွင်သာ ရှိနေသည်ကို

         ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ နိုဝင်ဘာလ ၁ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၁၄၃၅ ကျပ်၊ အောက်တိန်း -95 တစ်လီတာလျှင် ၁၄၈၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၅၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၁၃၅၅ ကျပ် အသီးသီး စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်ကာ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ် မှ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးရန် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၅-၉-၂၀၂၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၇၂ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် ၃၈ ဆိုင်နှင့် နေပြည်တော်တွင် အရောင်းဆိုင် ၈ ဆိုင် တို့တွင် သတ်မှတ် စျေးနှုန်းများဖြင့် ရောင်းချဆောင်ရွက်လျက်ရှိပါသည်။

       မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၀၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၇၈၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၆၅၀ ကျပ် ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ လွိုင်ကော်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၄၇၃ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၄၂၉ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၄၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၅၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်း များမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၅၀ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၂၀ ကျပ်သို့ စျေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ် ပါသည်။