Main menu

Background

(၂၉-၁၀-၂၀၂၁) မှ (၃-၁၁-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 11/05/2021 - 14:37 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၀၂ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၉၄ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း အောက်တိုဘာလ ၂၈ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈၁၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၂ ရက်နေ့တွင် ၁၇၈၅၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရပါသည်။

ငွေကြေးစျေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးပြိုင် လေလံစနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၃၀) သန်းကို တစ်ဒေါ်လာလျှင် ၁၇၆၀ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။  

           ၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ စက်တင်ဘာလ အစီရင်ခံစာ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် 6.2 % ရှိပြီး GDP သည် -18.4 % ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။  ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၇၇၁ ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ ၂ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၇၆၀ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာငွေ လဲလှယ် နှုန်းမှာ တစ်ပတ်အတွင်း ၀.၆၂ % ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကို လေ့လာရာတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၅၀ ကျပ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၄၅ ကျပ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အမေရိ ကန် တစ်ဒေါ်လာလျှင် ၁၉၁၅ ကျပ်နှင့် နိုဝင်ဘာလ ၂ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၂၀ ကျပ် အသီးသီး ပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရ ပါသည်။