Main menu

Background

(၂၉-၁၀-၂၀၂၁) မှ (၃-၁၁-၂၀၂၁) ထိ ဆန်ပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 11/05/2021 - 14:39 -- journal_editor

        ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၃ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်း ဆန်စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၉ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၆ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၆ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရပါသည်။

            ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၈ ဖြင့် လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ   (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၈ ဖြင့်လည်းကောင်း အသီးသီး ရှိခဲ့သည်ကို လေ့လာ တွေ့ရှိရပါသည်။

         ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀၀ %) ဘီဂရိတ်ဆန်၊ ဧည့်မထ (၅ %) ဆန်၊ ဧည့်မထ (၂၅%) ဆန်စျေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့၏ ဆန်စျေးနှုန်းများမှာ အနည်းငယ် ကျဆင်းနေကာ ဗီယက်နမ် နိုင်ငံ၏ ဆန်စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရပါသည်။

     ဆန်စျေးကွက်နှင့်ပတ်သက်သည့်ပြည်တွင်းသတင်းများအနေဖြင့် လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံ များသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၈၅၆၈၉.၆၅၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၂၉.၀၅၈ သန်း၊ ဆန်ကွဲ တန်ချိန် ၈၈၃၈၉ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇.၀၄၄ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၇၄၀၇၈.၆၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆.၁၀၂ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၆၃၅၁၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅.၅၇၅ သန်း၊ ဆန်ကွဲ တန်ချိန် ၄၅၈၉၃.၄၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄.၄၅၄ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၀၉၄၁၁.၄၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀.၀၂၉ သန်း ဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများ အရ သိရှိရပါသည်။

           ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၂၁၇၁.၆၅၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၃.၄၈၃ သန်း ပိုမို တင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဆန်ကွဲ တင်ပို့မှုတွင် တန်ချိန် ၄၂၄၉၅.၅၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂.၅၉၀ သန်း ပိုမိုတင်ပို့ခဲ့သည်ကို သိရှိရပါသည်။

       မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၂၈၄ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၃၂၆၆၀ ကျပ်မှ ၃၄၀၈၀ ကျပ်ကြား ပေါက်စျေး ရှိကြောင်း သိရှိရပါသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂  ရက် နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၅၅ ကျပ်နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။

         တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၄၀၀ ကျပ်နှင့် မုံရွာမြို့တွင် ၂၂၀၀ ကျပ် ဖြင့် အမြင့်ဆုံးစျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ဘားအံ၊ ရန်ကုန်နှင့် ပြည် မြို့တို့တွင် ၁၂၀၀ ကျပ်ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

         Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန် စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၂.၀၀ ရာခိုင်နှုန်း စျေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရ ပါသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ လဆန်းပိုင်းတွင် နိုင်ငံတကာ ဆန်စျေးနှုန်းများတွင် အတက်/ အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲ မှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။