Main menu

Background

စက်တင်ဘာလအတွင်း နယ်စပ်မှ ဓါတ်မြေသြဇာ အဝင်ပိုမိုလာသော်လည်း ပင်လယ် ရေကြောင်းမှ တင်သွင်းမှုလျော့နည်းလာ

Mon, 11/08/2021 - 13:14 -- journal_editor

စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတဆင့်  အမေရိကန်ဒေါ်လာ ၂၄  ဒသမ ၈၀၆ သန်းတန်ဖိုးရှိ ဓါတ်မြေသြဇာ ၆၂,၀၅၈,၅၇၅ တန်အား တင်သွင်းနိုင်ခဲ့သည်။ စက်တင်ဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၁၉,၃၂၈,၁၉၄ တန်၊ ကနေဒါနိုင်ငံမှ ၁၀,၀၀၀,၀၀၀၊ ဂျာမနီနိုင်ငံမှ ၁,၆၉၆,၀၀၀ တန်၊ အီရန်နိုင်ငံမှ ၉၈၉,၀၀၀တန်၊ တောင်ကိုရီးယားနိုင်ငံမှ ၉၁၁,၁၆၀တန်၊ အိန္ဒိယနိုင်ငံမှ ၃၄,၅၀၅ တန်၊ မလေးရှားနိုင်ငံမှ ၂,၅၃၅,၉၉၀တန်၊ ရုရှားနိုင်ငံမှ ၇၀၀,၀၀၀တန်၊ စင်္ကာပူနိုင်ငံမှ ၂၄၉,၀၀၀တန်၊ စပိန်နိုင်ငံမှ ၁၃,၅၉၆တန်၊ ထိုင်းနိုင်ငံမှ ၅၂၀,၀၆၃၀ တန်၊  အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၂၀,၀၅၀,၅၀၀တန်နှင့် ဗီယက်နမ်နိုင်ငံမှ ၃၅၀,၀၀၀ တန် အသီးသီး တင်သွင်းခဲ့ ကြောင်း သိရသည်။ ယခုလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဓါတ်မြေသြဇာ အများဆုံး တင်သွင်းကြောင်းသိရသည်။ ယခင်သြဂုတ်လနှင့်နှိုင်းယှဉ်ပါက တန်ဖိုး အမေရိ ကန် ဒေါ်လာ ၇ ဒသမ ၁၃၁သန်းနှင့်  ၁၇၂၄၈၃၈၄တန် လျော့နည်း တင်သွင်းခဲ့ကြောင်းသိရသည်။

စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈၆ သန်းတန်ဖိုးရှိ ဓါတ်မြေသြဇာ ၂၅,၆၅၁,၂၄၀တန်အား နယ်စပ်မှကုန်သွယ်မှုမှတဆင့်တင်သွင်းခဲ့သည်။ ထိုင်းနိုင်ငံမှ ၂၃,၆၂၇,၁၅၀တန်၊ အိန္ဒိယနိုင်ငံမှ ၁၄၁၈၉၀၀တန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၆၀၅,၁၉၀ တန် တင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ အများဆုံးတင်သွင်းကြောင်း သိရှိရသည်။  အနီး စပ်ဆုံး ယခင်သြဂုတ်လ နှင့်နှိုင်းယှဉ်ပါက တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ ၈၉၃ သန်းနှင့် ၈၂၇၀၅၀၆တန် ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်းသိရသည်။

အိမ့်