Main menu

Background

ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတင်သွင်းမှု လျော့နည်းလာသော်လည်း နယ်စပ်မှအဝင်ပိုမို လျက်ရှိ

Mon, 11/08/2021 - 13:15 -- journal_editor

စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၃ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၅၆၃၅၀၀ အား ပင်လယ်ရေကြောင်းမှတဆင့် တင်သွင်းခဲ့ကြောင်းသိရသည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ ၅၁၂၀၀၀တန်၊ ထိုင်းနိုင်ငံမှ ၄၄၀၀၀တန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၇၀၀၀၊ ပြင်သစ်နိုင်ငံမှ ၅၀၀ တန်တင်သွင်းခဲ့သည်။ မလေးရှားနိုင်ငံမှ အများဆုံး တင်သွင်းခဲ့ကြောင်းသိရသည်။  ယခင်သြဂုတ်လ နှင့် နှိုင်းယှဉ်ပါ က တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၀၅၃ သန်းနှင့်  ၃၈၄၂၂၀ တန် တင်သွင်းမှု လျော့နည်းခဲ့ကြောင်းသိရသည်။ 

စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း နယ်စပ်ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၀၀ သန်းရှိပြီး တန်ချိန်အားဖြင့် ၄၇၀၆၀၂၀၀ တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုလအတွင်း ထိုင်းနိုင်ငံမှသာ တင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်သြဂုတ်လ တင်သွင်းမှု အခြေအနေ နှင့်နှိုင်းယှဉ်ပါက တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၇၀၁ သန်းနှင့် ၉၇၀၈၀၉၈ တန် ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်းသိရသည်။

အိမ့်