Main menu

Background

စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်းမှ နို့ဆီ အဝင်လျော့နည်းလာပြီး နယ်စပ်မှ ပိုမို

Mon, 11/08/2021 - 13:17 -- journal_editor

အမေရိကန်ဒေါ်လာ သုညဒသမ ၉၂၃ တန်ဖိုးရှိ နို့ဆီ ၄၈၀၁၃၀ တန်အား ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခုလအတွင်း မလေးရှားနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ တင်သွင်းခဲ့ပြီး တင်သွင်းခဲ့သည့် အမျိုးအစားများမှာ Dawn Brand, Hawk Brand, Ok sweetened, My boy Brand, Teapot Gold Brand ဖြစ်ကြောင်းသိရသည်။ ယခင်လတွင် နို့ဆီ ၁၁၄၉၀၉၁ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုလတင်သွင်းမှု နှင့် နှိုင်းယှဉ်ပါက ၆၆၈၉၆၀ တန် တင်သွင်းမှုလျော့နည်းကြောင်း သိရသည်။

စက်တင်ဘာလအတွင်း နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၅ တန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၁၀၀ အား တင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှသာ တင်သွင်းခဲ့ကြောင်း သိရှိရသည်။  ယခင်လနှင့်နှိုင်းယှဉ်ပါက တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း နှင့်  ၉၃၂ တန် ပိုမိုတင်သွင်းခဲ့ကြောင်းသိရှိရသည်။

အိမ့်