Main menu

Background

စက်တင်ဘာလအတွင်း နို့မှုန့်အဝင်ဆက်လက်လျော့နည်းလျက်ရှိ

Mon, 11/08/2021 - 13:18 -- journal_editor

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၇၉ သန်းတန်ဖိုးရှိ နို့မှုန့် ၄၈၄၆၂၅ တန်အား တင်သွင်းခဲ့သည်။ ယခုလအတွင်း နယူး ဇီလန် နိုင်ငံမှ တန်ချိန် ၄၀၃၅၂၅ ၊ အမေရိကန်နိုင်ငံမှ ၈၁၁၀၀တန် အား အသီးသီး တင်သွင်း ခဲ့ကြောင်းသိရသည်။ ယခင်သြဂုတ်လနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၁၈ သန်းနှင့်  ၁၁၆၃၂၇၅ တန် လျော့နည်းတင်သွင်းခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ အတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ နို့မှုန့် တင်သွင်းမှုမရှိကြောင်းသိရသည်။

အိမ့်