Main menu

Background

အောက်တိုဘာလအတွင်း ရေကြောင်းကုန်သွယ်မှုမှ အဝင်ပိုမိုလာသော်လည်း နယ်စပ်မှ အဝင်လျော့နည်းလာသော ဓါတ်မြေသြဇာ

Mon, 11/08/2021 - 13:19 -- journal_editor

အောက်တိုဘာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတဆင့်  အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၃၄၈ သန်းတန်ဖိုးရှိ ဓါတ်မြေသြဇာ ၁၀၁,၈၄၃,၈၅၆ တန်အား တင်သွင်းခဲ့သည်။ အောက်တိုဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၃၄,၈၅၂,၄၄၉ တန်၊ ဂျာမနီနိုင်ငံမှ ၁,၃၀၄,၃၂၀ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ ၂၈,၇၂၉,၃၅၇ တန်၊ အီရန်နိုင်ငံမှ ၈၅,၀၀၀၊ တောင်ကိုရီးယားနိုင်ငံမှ ၂,၀၈၀,၆၇၀တန်၊ မလေးရှားနိုင်ငံမှ ၁၃,၄၆၉,၂၃၀တန်၊ ပိုလန် နိုင်ငံမှ ၁၆၈,၀၀၀တန်၊ ရုရှားနိုင်ငံမှ ၅၀၄,၀၀၀တန်၊ စင်္ကာပူနိုင်ငံမှ ၉,၆၂၇,၈၃၀ တန်၊ ထိုင်းနိုင်ငံမှ ၄,၂၉၀,၀၀၀တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၅,၀၄၂,၀၀၀တန် နှင့်  ဗီယက် နမ်နိုင်ငံမှ ၁,၇၀၀,၀၀၀တန် အသီးသီး တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဓါတ်မြေသြဇာအများဆုံး တင်သွင်းကြောင်းသိရသည်။ ယခင် စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅၄၂သန်းနှင့်  ၃၉,၇၈၅,၂၈၁ တန် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၁၈ သန်းတန်ဖိုးရှိ ဓါတ်မြေသြဇာ ၁၆,၁၂၇,၇၁၂ တန်အား နယ်စပ်ကုန်သွယ်မှုမှတဆင့်တင်သွင်းခဲ့သည်။ ထိုင်းနိုင်ငံမှ ၁၅,၁၆၃,၄၁၂ တန်၊ အိန္ဒိယနိုင်ငံမှ ၆၂၈,၃၀၀တန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၃၃၆,၀၀၀ တန် တင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ အများဆုံးတင်သွင်းကြောင်း သိရှိရသည်။  အနီးစပ်ဆုံး ယခင်စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄၂ သန်းနှင့်  ၉၅၂၃၅၂၈ တန် လျော့နည်းတင်သွင်းခဲ့ကြောင်းသိရသည်၊

အိမ့်