Main menu

Background

အောက်တိုဘာလတွင် နယ်စပ်၊ ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတင်သွင်းမှုလျော့နည်း

Mon, 11/08/2021 - 13:20 -- journal_editor

အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၃၇  သန်း တန်ဖိုးရှိ ဘိလပ် မြေ တန်ချိန် ၂၂၉,၆၈၀ အား ပင်လယ်ရေကြောင်းမှတဆင့် တင်သွင်းခဲ့ကြောင်း  သိရသည်။ မလေးရှားနိုင်ငံမှသာတင်သွင်းခဲ့ကြောင်း သိရသည်။  ယခင် စက်တင်ဘာလ နှင့် နှိုင်း ယှဉ် ပါ က တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၀၄၆ သန်း နှင့်  ၃၃၃,၈၂၀ တန် တင်သွင်းမှု လျော့နည်းခဲ့ကြောင်းသိရသည်။ 

စက်တင်ဘာလ ၁ရက် မှ ၃၀ရက် အတွင်း နယ်စပ်ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၂ ဒသ မ ၇၇၃ သန်းရှိပြီး တန်ချိန်အားဖြင့် ၃၆,၁၁၇,၅၅၀ တင်သွင်းခဲ့ကြောင်းသိရသည်။ ယခု လ အတွင်း ထိုင်းနိုင်ငံမှသာ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခင်စက်တင်ဘာလ တင်သွင်း မှု အခြေအနေနှင့်နှိုင်းယှဉ်ပါက တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၉၂၇ သန်းနှင့် ၁၀,၉၄၂,၆၅၀တန် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

 

အိမ့်