Main menu

Background

အောက်တိုဘာလတွင် နို့ဆီ အဝင်ပိုမို

Mon, 11/08/2021 - 13:21 -- journal_editor

အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၁၅ တန်ဖိုးရှိ နို့ဆီ ၁၄၉၁၈၀၉ တန်အား ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ တင်သွင်းခဲ့သည်။ ယခုလအတွင်း မလေးရှားနိုင်ငံနှင့် စင်္ကာပူ နိုင်ငံတို့မှ တင်သွင်းခဲ့ပြီး တင်သွင်းခဲ့သည့် အမျိုးအစားများမှာ Dawn Brand, Hawk Brand, Ok sweetened, My boy Brand, Teapot Gold Brand ဖြစ်ကြောင်းသိရသည်။ ယခင် လတွင် နို့ဆီ ၄၈၀၁၃၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုလတင်သွင်းမှု နှင့် နှိုင်းယှဉ်ပါက ၁၀၁၁၆၇၉ တန် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။  အောက်တိုဘာလအတွင်း နယ်စပ် ကုန်သွယ်မှုမှ နို့ဆီတင်သွင်းမှုမရှိကြောင်းသိရသည်။

အိမ့်