Main menu

Background

အောက်တိုဘာလအတွင်း နို့မှုန့် တင်သွင်းမှုပိုများလာ

Mon, 11/08/2021 - 13:22 -- journal_editor

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉၉ သန်းတန်ဖိုးရှိ နို့မှုန့် ၉၅၉၇၅၀ တန်အား တင်သွင်းခဲ့သည်။ ယခုလအတွင်း နယူး ဇီလန်နိုင်ငံမှ တန်ချိန် ၇၄၂၆၀၀၊ ပိုလန်နိုင်ငံမှ ၂၃၀၀၀တန်၊ လစ်သူရေးနီးယားနိုင်ငံမှ တန်ချိန် ၂၄၁၅၀၊ ၊ ယူကရိန်းနိုင်ငံမှ ၁၅၀၀၀၀၊ ဉရုဂွေးနိုင်ငံမှ တန်ချိန်၂၀၀၀၀ အသီးသီး တင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂ သန်းနှင့်  ၄၇၅၁၂၅ တန် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ အတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ နို့မှုန့် တင်သွင်းမှု မရှိကြောင်းသိရသည်။

 

အိမ့်