ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ 8 ရက်နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကိုသိရှိရပါသည်။ ထိုင်း ဆန်စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၁ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၆ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၁ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၉ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရပါသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၃ ဖြင့် လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၈ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀၀ %) ဘီဂရိတ်ဆန်၊ ဧည့်မထ (၅ %) ဆန်၊ ဧည့်မထ (၂၅ %) ဆန်စျေးနှုန်းများမှာ ကျဆင်းနေခဲ့ပြီး ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့၏ ဆန်စျေးနှုန်းများမှာ အနည်းငယ်မြင့်တက်နေခဲ့ကာ အိန္ဒိယနိုင်ငံ၏ ဆန်စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရပါသည်။
ဆန်စျေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့် လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၃၄၇၂၂.၅၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅.၃၇၀ သန်း၊ ဆန်ကွဲ တန်ချိန် ၁၀၀၉၈၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၀.၈၉၈ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၃၅၇၀၂.၅၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၆.၂၆၈ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၉၆၃၅၃.၇၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈.၆၆၁ သန်း၊ ဆန်ကွဲ တန်ချိန် ၅၄၅၆၈.၄၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇.၃၀၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၅၀၉၂၂.၂၀၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၅.၉၆၆ သန်း ဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရပါသည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၃၈၃၆၈.၈၀၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၆.၇၀၉ သန်း ပိုမိုတင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဆန်ကွဲတင်ပို့မှုတွင် တန်ချိန် ၄၆၄၁၁.၅၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃.၅၉၃ သန်း ပိုမိုတင်ပို့ခဲ့သည်ကို သိရှိရပါသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၂၇၃ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၃၁၃၉၅ ကျပ်မှ ၃၂၇၆၀ ကျပ်ကြား ပေါက်စျေးရှိကြောင်း သိရှိရပါသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၅၅ ကျပ်နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၄၀၀ ကျပ်နှင့် မုံရွာမြို့တွင် ၂၂၀၀ ကျပ်ဖြင့် အမြင့်ဆုံးစျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ဘားအံ၊ ရန်ကုန်၊ မြိတ်နှင့် ပြည် မြို့တို့တွင် ၁၂၀၀ ကျပ်ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။
Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန် စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၄.၈၈ ရာခိုင်နှုန်း စျေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် နိုင်ငံတကာဆန်စျေးနှုန်းများတွင် အတက်/ အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ်တင်ပြအပ်ပါသည်။