Main menu

Background

(၅-၁၁-၂၀၂၁)မှ (၁၁-၁၁-၂၀၂၁)အထိ သကြားပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 11/15/2021 - 09:40 -- journal_editor

          ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြား စျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ (White Sugar) တစ်တန်လျှင် (၂၁-၉-၂၀၂၁) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၅၀၃.၂၀) ဒေါ်လာပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး (၉-၁၁-၂၀၂၁) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၅၁၃.၂၀) ဒေါ်လာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။

             လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ အထိ (ယာယီ) စာရင်းများအရ သကြား တန်ချိန် (၇) ထောင်ကျော်ကို ပင်လယ်ရေကြောင်းမှ ဗီယက်နမ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဗီယက်နမ် သကြားစျေးကွက်သို့ ထိုင်းနှင့် အခြားနိုင်ငံများမှ သကြားများဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ စက်မှုဝန်ကြီးဌာနမှ ပြည်တွင်းလုပ်ငန်းများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် သကြားတင်သွင်းမှုများကို anti-dumping duty လုပ်ဆောင်လျက်ရှိကြောင်းကို ဖော်ပြထားခဲ့ပြီး ဖြစ်ပါ သည်။

           ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် တရုတ်နိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော သကြား ဈေးနှုန်းမှာ (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၉၀၂) ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး၊ အမေရိကန် နိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၃၉၉) ဒေါ်လာ၊ ပါကစ္စတန် နိုင်ငံတွင် (၁) တန် လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၅၁၀-၅၉၉) ဒေါ်လာ၊ အိန္ဒိယနိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၄၈၃-၅၃၃) ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တရုတ်၊ ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံတို့တွင် သကြားစျေးနှုန်းမှာ မြင့်တက်နေခဲ့ပြီး အိန္ဒိယနိုင်ငံတွင် သကြားစျေးနှုန်း ကျဆင်းလျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

          ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ် မူဆယ် ဒေသ၌ သကြား (၁) တန်လျှင် ပျမ်းမျှစျေးမှာ အမေရိကန်ဒေါ်လာ (၄၃၀) ဒေါ်လာရှိပြီး တရုတ်နိုင်ငံတွင် သကြား (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၉၀၂) ဒေါ်လာ ပေါက်စျေးရှိသောကြောင့် (၁) တန်ပေါ်တွင် အမေရိကန်ဒေါ်လာ (၄၇၂) ဒေါ်လာ ဈေးနှုန်း ကွာဟချက်ရှိပါသည်။ မြန်မာ-ထိုင်း နယ်စပ်၊ မြဝတီမြို့တွင် သကြား (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၈) ဝန်းကျင်ရှိပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၆၅) ဝန်းကျင်ခန့်ရှိကြောင်း လေ့လာသိရှိရပါသည်။

           ထို့အပြင် ရက်သတ္တပတ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော သကြားပေါက်ဈေးများကို လေ့လာရာတွင် တောင်ကြီးမြို့တွင် သကြား ၁ ပိဿာ လျှင် (၂၇၀၀) ကျပ်နှင့် ကျိုင်းတုံနှင့် လွိုင်ကော်မြို့တို့တွင် သကြား ၁ ပိဿာလျှင် (၂၅၀၀) ကျပ် ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး လားရှိုးနှင့်မော်လမြိုင်မြို့ တို့တွင် သကြား ၁ ပိဿာလျှင် (၁၂၀၀) ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။         

            Trading Economics Website တွင် ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ကမ္ဘာ့သကြားဈေးနှုန်းများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ၁.၁၄ % ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။