Main menu

Background

ဓါတ်မြေသြဇာတင်သွင်းမှုဆက်လက်ကျဆင်း

Tue, 11/16/2021 - 13:27 -- journal_editor

နိုဝင်ဘာ၁ရက်မှ ၁၅ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၉ ဒသမ ၅၄၀ သန်းတန်ဖိုးရှိဓါတ်မြေသြဇာ၂၄,၇၉၂,၈၆၇တန်အားတင်သွင်းခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၂၂,၀၅၅,၁၁၇တန်၊ တောင်ကိုရီးယားနိုင်ငံမှ ၈၀၁,၉၉၀ တန်၊ မလေးရှားနိုင်ငံမှ ၆၅၅,၇၆၀ တန်၊ ရုရှားနိုင်ငံမှ ၂၈၀,၀၀၀တန်၊ အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံမှ ၁,၀၀၀,၀၀၀ အသီးသီး တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုလအတွင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံမှဓါတ်မြေသြဇာအများဆုံးတင်သွင်းကြောင်းသိရသည်။ အနီးစပ်ဆုံးယခင်ကာလတူနှင့် နှိုင်းယှဉ်ပါကတန်ဖိုးအမေရိကန်ဒေါ်လာ၂၂ ဒသမ ၅၁၂ သန်းနှင့် ၄၄,၈၀၈,၆၇၆ တန် လျော့နည်း တင်သွင်းခဲ့ကြောင်းသိရှိရသည်။

အမေရိကန်ဒေါ်လာသုညဒသမ ၃၅၆သန်းတန်ဖိုးရှိဓါတ်မြေသြဇာတန်ချိန် ၁,၃၄၈,၀၄၈ အားနိုဝင်ဘာ၁ရက်မှ ၁၅ ရက်နေ့အတွင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် အိန္ဒိယနိုင်ငံမှ တန်ချိန် ၇၀၀,၀၀၀၊ ထိုင်းနိုင်ငံမှ ၆၄၈,၀၄၈ တန် တင်သွင်းခဲ့ကြောင်းသိရသည်။ နယ်စပ်ကုန်သွယ်လမ်းကြောင်းမှတစ်ဆင့် ယခုလအတွင်းအိန္ဒိယနိုင်ငံမှ အများဆုံးတင်သွင်းကြောင်းသိရသည်။ယခုကာလတူနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအမေရိကန်ဒေါ်လာ၅ဒသမ၅၈၁သန်းနှင့် ၁၁,၇၂၁,၈၂၄ တန် တင်သွင်းမှုကျဆင်းကြောင်းသိရသည်။

အိမ့်