Main menu

Background

ဘားမဲတောင် သဘာဝဥယျာဉ် (Hpa- Mal Botanical Gardens)ဖွင့်လှစ်

Wed, 12/01/2021 - 13:03 -- journal_editor

             ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားမဲတောင်သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် ၈ နာရီအချိန်တွင် အမှတ် (၄) ရပ်ကွက်ရှိ အဆိုပါဥယျာဉ်၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားမဲတောင် သဘာဝဥယျာဉ်ကို သဘာဝပေါက်ပင် သစ်မျိုးအရေအတွက် (၇၈)မျိုး၊ အပင်အရေအတွက် (၁၅၅၇)ပင်နှင့် တည်ဆောက်ရေးလုပ်ငန်းပေါင်း (၂၈) ခုဖြင့် ပေါင်းစပ်ကာ ပြည်တွင်းပြည်ပ သဘာဝအခြေခံ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသော အပန်းလည်းဖြေ ဗဟုသုတလည်းဖြန့်ဝေပေးသော အထင်ကရနေရာတစ်ခု အဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊အပင်များ၏သွင်ပြင်လက္ခဏာကိုရူ့ချင်စဖွယ်ဖြစ်အောင် အမြဲစိမ်းလန်းသာယာလှပစေရန် ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်သွားဖို့လိုကြောင်းအစဉ်အမြဲပြုစုထိန်းသိမ်းစောင့်ရှောက်ပြီး လာရောက်လည်ပတ်စရာနေရာတစ်ခုအဖြစ် ဖန်တီးဆောင်ရွက်သွားကြဖို့ လိုကြောင်းပြောကြားခဲ့သည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ဘားမဲတောင်သဘာဝဥယျာဉ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားမဲတောင်သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens) ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင် အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး ခဲ့သည်။

        ဘားမဲတောင်သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens)ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစ၍ ၂၀၂၁-၂၀၂၂ခုနှစ် (၆)လ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေကျပ် (၈၁၆ ဒသမ ၅၁)သန်းဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြေဧရိယာအကျယ်မှာ (၁၇) ဧကခန့် ရှိကြောင်း သိရှိရသည်။

                                                                                        

                                                                                                      ဇာခြည်အောင်                  

ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန