Main menu

Background

ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းစတင်ဖွင့်လှစ်

Wed, 12/01/2021 - 14:28 -- journal_editor

      ကော့ကရိတ်မြို့(တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် အကောက်ခွန်ဦးစီးဌာန တာဝန်ခံက စုပေါင်းစစ်ဆေးရေးစခန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး “ တရားမဝင် ကုန်ပစ္စည်း များစစ်ဆေးရေးအထူးအဖွဲ့ ဥက္ကဌ” ဗိုလ်မှူးကြီးမျိုးမင်းနောင်မှ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

       ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးရေး အထူးအဖွဲ့ဥက္ကဌတို့မှ စုပေါင်းစစ်ဆေးရေးစခန်းအတွင်းရှိ ခရီးသည်ယာဉ်များ၊ ကုန်ပစ္စည်းသယ်ဆောင်သည့် ယာဉ်များအား စစ်ဆေးရေးဂိတ်အတွင်းသို့ ဝင်ရောက်မှုအခြေ အနေ သက်ဆိုင်ရာဌာနများမှ ကုန်ပစ္စည်းများဖွင့်ဖောက်စစ်ဆေးမှုအခြေအနေ၊ ယာဉ်မောင်း လိုင်စင်များစစ်ဆေးမှုအခြေအနေ၊ ဝန်ထမ်းများအဆင်ပြေချောမွေ့စွာ နေထိုင်ရေးနှင့် စစ်ဆေးရေးကိစ္စများ အဆင်ပြေချောမွေ့စွာ စစ်ဆေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ၊ တရားမဝင် ကုန်ပစ္စည်းများသယ်ဆောင်ခြင်းအတွက် အထူးကြပ်မတ်စစ်ဆေးရေးတို့အတွက် အလေးထား ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များအား သက်ဆိုင်ရာစစ်ဆေးမည့် ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

                                                                                      ဇာခြည်အောင်                    

                                                                  ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန