Main menu

Background

၂၀၂၁-ခုနှစ်၊နိုဝင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန်တစ်သိန်းငါးသောင်းကျော်တင်ပို့

Fri, 12/03/2021 - 14:12 -- journal_editor

   ၂၀၂၁-ခုနှစ်၊နိုဝင်ဘာ၁၆ ရက်မှ ၃၀ရက်ထိ ကာလအတွင်း ပင်လယ်​ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၁၀ဒသမ၉၃၁သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၃၆၀၀ခန့် တင်ပို့နိုင်ခဲ့ရာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၉၂၀၀ကျော် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၀၀၀ခန့် နှင့် အာရပ်စော်ဘွား များပြည်ထောင်စုသို့ ဆန်တန်ချိန် ၂၀၃၅၀ကျော် တင်ပို့ခဲ့ကြောင်းသိရှိ ရပါသည်။

   ဆန်တင်ပို့မှု အများဆုံးနိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန်၅၇၄၀ ကျော်၊စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၃၇၅၀ကျော်၊ အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀၀၀ကျော်၊ ဖီလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန်၂၈၆၀ခန့်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန်၅၀၀ကျော်နှင့် ဘယ်လ်ဂျီယန်နိုင်ငံသို့ ဆန်တန်ချိန်၃၀၀ကျော်အသီးသီးတင်ပို့နိုင်ခဲ့ပါသည်။

    နိုဝင်ဘာ ၁၆ရက်မှ ၃၀ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂ဒသမ၈၂၃သန်း တန်ဖိုးရှိဆန်ကွဲတန်ချိန် ၉၃၄၀ကျော် တင်ပို့နိုင်ခဲ့ပါသည်။

   တင်ပို့မှုအနေဖြင့်အာရှနိုင်ငံများသို့ဆန်ကွဲတန်ချိန်၆၇၉၀ကျော်နှင့်အီးယူအဖွဲ့ဝင်နိုင်ငံများသို့ဆန်ကွဲတန်ချိန်၂၅၅၀ခန့်တင်ပို့ခဲ့ကြောင်းသိရသည်။

     အများဆုံးဝယ်ယူသည့်နိုင်ငံများမှာတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ဆန်ကွဲတန်ချိန်၆၅၂၀ ခန့်ဘယ်လ်ဂျီယန်နိုင်ငံသို့ဆန်ကွဲတန်ချိန်၁၁၅၀ခန့်နှင့်စပိန်နိုင်ငံသို့ဆန်ကွဲတန်ချိန်၁၀၀၀ခန့်တင်ပို့နိုင်ခဲ့ကြောင်းသိရသည်၊

    နိုဝင်ဘာလ ၁၆ရက်မှ ၃၀ရက်ထိ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်မှ ဆန်ကွဲတင်ပို့မှု တန်ချိန်၁၈၀ခန့် တန်ဖိုးအမေရိကန်ဒေါ်လာ၀.၀၅၂သန်းရှိကြောင်းသိရသည်။

   နိုဝင်ဘာလ၁၆ရက်မှ ၃၀ရက်ထိ ကာလအတွင်း ဆန်တန်ချိန်၃၃၆၀၀ကျော်နှင့် ဆန်ကွဲ တန်ချိန်၉၅၂၀ကျော်တင်ပို့နိုင်သဖြင့်ဆန်နှင့်ဆန်ကွဲစုစုပေါင်းတန်ချိန်၄၃၁၂၀ကျော်တင်ပို့နိုင်ခဲ့ပါသည်။

    နိုဝင်ဘာလ ၁ရက်မှ ၃၀ရက်ထိ ကာလအတွင်း ဆန်တန်ချိန်၁၀၁၅၀၀ကျော်နှင့် ဆန်ကွဲ တန်ချိန်၅၄၅၈၀ကျော် တင်ပို့ခဲ့သဖြင့် ဆန်နှင့်ဆန်ကွဲစုစုပေါင်းတန်ချိန် ၁၅၆၀၀၀ကျော် တင်ပို့ ခဲ့ကြောင်း သိရသည်။

   အနီးစပ်ဆုံးအောက်တိုဘာလနှင့်နှိုင်းယှဉ်ပါကဆန်တန်ချိန်၆၆၅၀၀ကျော်ပိုမိုခဲ့ပြီးဆန်ကွဲတင်ပို့မှုတန်ချိန်၂၀၄၀၀ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။