Main menu

Background

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြောင်းတန်ချိန် တစ်သိန်းတစ်သောင်း ကျော်တင်ပို့

Fri, 12/03/2021 - 14:13 -- journal_editor

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ရက်မှ ၃၀ရက် ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ဗီယက်နမ်နိုင်ငံသို့ ပြောင်းတင်ပို့မှုတန်ချိန် ၂၇၁၅၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတင်ပို့မှုတန်ချိန် ၂၂၂၆၀ကျော် စုစုပေါင်း ပြောင်းတင်ပို့မှုတန်ချိန် ပြောင်းတင်ပို့မှုတန်ချိန် ၄၉၄၁၀ တန်ဖိုးအမေရိကန်ဒေါ်လာ  ၁၁ ဒသမ ၆၂၀ သန်းတင်ပို့ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ ၁၆ရက်မှ ၃၀ရက် ထိကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်မှ ပြောင်းတင်ပို့မှုတန်ချိန် ၂၂၀၀ ကျော်တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၃၇၉ သန်းခန့် ရှိကြောင်းသိရသည်။

နိုဝင်ဘာ ၁၆ရက်မှ ၃၀ရက် ထိကာလအတွင်း ပင်လယ်ရေကြောင်းနှင့်နယ်စပ်မှ စုစုပေါင်း ပြောင်းတင်ပို့မှုတန်ချိန် ၅၁၆၁၀ တန်ဖိုးအမေရိကန်ဒေါ်လာ  ၁၂ သန်းခန့် တင်ပို့ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ ၁ရက်မှ ၃၀ရက် ထိကာလအတွင်း ပြောင်းတင်ပို့မှုတန်ချိန် ၁၁၉၁၈၀ တန်ဖိုးအမေရိကန်ဒေါ်လာ  ၂၇ ဒသမ ၆၆၂ သန်းခန့် ရှိကြောင်းသိရသည်။

အနီးစပ်ဆုံးကာလ အောက်တိုဘာလ နှင့်နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ၈၀၀၀၀ကျော် ပိုမိုတင်ပို့ခဲ့သည်။