Main menu

Background

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရော်ဘာတန်ချိန် တစ်သောင်းသုံးထောင်ကျော်တင်ပို့

Fri, 12/03/2021 - 15:30 -- journal_editor

     ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်မှ ၃၀ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၁၀၀ ခန့် အိန္ဒိယနိုင်ငံသို့ရော်ဘာတန်ချိန် ၁၇၀ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၁၄၀ ခန့်နှင့်  ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၀ခန့် စုစုပေါင်းရာဘာတန်ချိန် ၄၅၁၀ ခန့်တင်ပို့နိုင်ခဲ့ပြီးတန်ဖိုးအမေရိကန်ဒေါ်လာ ၆ ဒသမ ၆၀၈ သန်းရှိကြောင်းသိရပါသည်။

      နိုဝင်ဘာလ ၁၆ရက်မှ ၃၀ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်မှရော်ဘာတန်ချိန်၃၂၀ ကျော်နှင့် မြန်မာ-ထိုင်းနယ်စပ်မှရော်ဘာတန်ချိန် ၁၈၀ ခန့် စုစုပေါင်းရော်ဘာတန်ချိန် ၅၀၀ခန့် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၇၆၈ သန်းခန့်ရှိကြောင်းသိရသည်။

နိုဝင်ဘာလ ၁၆ရက်မှ ၃၀ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းနှင့်နယ်စပ်မှ စုစုပေါင်းရော်ဘာတင်ပို့မှု တန်ချိန် ၅၀၁၀ ခန့် တန်ဖိုးအမေရိကန်ဒေါ်လာ ၇ဒသမ ၃၇၆ သန်း တင်ပို့ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ တစ်လလုံးတွင် ရော်ဘာတင်ပို့မှု တန်ချိန် ၁၃၄၀၀ ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃၇၆ သန်း တင်ပို့ခဲ့ကြောင်းသိရသည်။

အနီးစပ်ဆုံးကာလ အောက်တိုဘာလ နှင့်နှိုင်းယှဉ်ပါက ရော်ဘာ တန်ချိန် ၈၀၀၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။

 

 

ဒေါ်အေးအေးသန့်