Main menu

Background

(၂၆-၁၁-၂၀၂၁) မှ (၂-၁၂-၂၀၂၁) အထိ ရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေလေ့လာသုံးသပ်တင်ပြခြင်း

Mon, 12/06/2021 - 09:46 -- journal_editor

           ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၉၅ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဒီဇင်ဘာလ ၁ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၈၉ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်းရွှေဈေး သည်လည်း နိုဝင်ဘာလ ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၇၈၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ ဒီဇင်ဘာလ ၁ ရက်တွင် ၁၇၇၅၀၀၀ ကျပ်သို့ အတက်အကျဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရပါသည်။

          ၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ စက်တင်ဘာလ အစီရင်ခံစာ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် 6ဒသမ2 % ရှိပြီး GDP သည် -18.4 % ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

         ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၂၅ ရက် တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၇၉၀ဒသမ၈ ကျပ်ရှိခဲ့ရာမှ ဒီဇင်ဘာလ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၇၈၅ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းမှာ တစ်ပတ်အတွင်း သုညဒသမ၃၂ %  ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

         ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကို လေ့လာရာတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၈၀ ကျပ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၇၀ ကျပ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၆၀ ကျပ်နှင့် ဒီဇင်ဘာလ ၁ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ် အသီးသီး ပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။