Main menu

Background

မအူပင်ခရိုင်ညောင်တုန်းမြို့နယ်ရှိစက်သုံးဆီဆိုင်များအားကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ဆောင်ရွက်

Tue, 12/07/2021 - 14:25 -- journal_editor

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မဲဇလီကျေးရွာကားလမ်းဘေးရှိKyawSan(020) စက်သုံးဆီအရောင်းဆိုင်နှင့် ထိပ်ဝကြီးကျေးရွာကားလမ်းဘေးရှိKyaw San(023) စက်သုံးဆီအရောင်းဆိုင်များသို့ ဒီဇင်ဘာလ ၆ရက် နံနက် ၁၀ နာရီ မှ နေ့လယ်  ၁၂နာရီ အထိသွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် (၂၀လီတာ) စံကွက်များနှင့် ကိုက်ညီမှုရှိမရှိရောင်းဝယ်မှုအခြေအနေများအားတွေ့ဆုံမေးမြန်းစစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

 

Consumer Mt

အမည် − ဦးမြင့်သူ

အဆင့် - ဒု−ကြီးကြပ်ရေးမှူး

ဖုန်း     −၀၉၈၉၉၆၇၄၅၆၁