Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Groupနှင့်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့လက်မှတ်ရေးထိုးသည့်Memorandum of Agreementလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြား

Wed, 12/08/2021 - 15:43 -- journal_editor

 ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် ၉ နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Group နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးသည့် Memorandum of Agreement လက်မှတ်ရေး ထိုးပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

 ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုချုပ်ဆိုမည့် Memorandum of Agreement တွင် ရေရှည်ညှိနှိုင်းဆောင်ရွက်ရမည့် လယ်ယာဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ခြင်းအပြင် ကာလတိုတွင်အကျိုးရှိပြီး ချက်ချင်းဖော်ဆောင်နိုင်မည့်ကုန်သွယ်မှု အပိုင်းကိုပါ ထည့်သွင်းထားခြင်းသည် ပိုမိုကောင်းမွန်အကျိုးရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ MOA အရ ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ဓာတ်မြေသြဇာများကို နှစ်စဉ်နှစ်ဖက်ညှိနှိုင်းမှုဖြင့် ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ခြင်းကို ဝန်ကြီးဌာနအနေဖြင့် အထူးအားပေးပါကြောင်း၊  မြန်မာ နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ဆောင်ရွက်သည့် နိုင်ငံဖြစ်သည့် အတွက် လယ်ယာကဏ္ဍမှထွက်ရှိသည့် ဆန်၊ ပြောင်း၊ ပဲမျိုးစုံစသည့် လယ်ယာထွက်ကုန်ပစ္စည်း များကို အရည်အသွေးပြည့်မီစွာ တင်ပို့နိုင်ရေးနှင့် ဈေးကွက်တည်ငြိမ်မှုရရှိရေးသည် လွန်စွာ အရေးကြီးသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်- မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံ၏ Belt and Road အစီအစဉ်နှင့် ချိတ်ဆက်ပူးပေါင်းကာ ဒေသတွင်း စာနပ်ရိက္ခာဖူ လုံရေး၊ စာနပ်ရိက္ခာဘေးကင်းလုံခြုံရေးနှင့် တောင်သူလယ်သမားများ၏ စီးပွားရေးအခွင့်အလမ်း များ တိုးတက်ရရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုပါ ဖော်ဆောင်ပေးရန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

 ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ CITIC Group ဥက္ကဋ္ဌ Mr. Chen Xiaojia တို့က အမှာစကားများအသီးသီးပြောကြားခဲ့သည်။

ဆက်လက်၍ လယ်ယာကဏ္ဍထုတ်ကုန်များအတွက် ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင် ရွက်နိုင်ရန်  MOU အဆင့်မှ MOA  အဆင့်တိုးမြှင့်ချုပ်ဆိုခြင်း စာချုပ်အား လက်မှတ် ရေးထိုးကာ အပြန်အလှန်လဲလှယ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

MOC(IR)