Main menu

Background

(၃-၁၂-၂၀၂၁) မှ (၉-၁၂-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 12/10/2021 - 15:31 -- journal_editor

 ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထား ရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၀) နိုင်ငံအနက် ဂိုင်ယာနာ နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၁၃.၃၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Fiji နိုင်ငံတွင် (၈.၇၀ %)နှင့် Namibia နိုင်ငံတွင် (၄.၇၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၁၁) နိုင်ငံရှိကြောင်း တွေ့ရှိရ ပါသည်။

 ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ သြစတြေးလျ၊ ဘီနင်း၊ ဘူတန်၊ နယူးဇီလန်၊ မိုနာကိုနှင့် စပိန် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၆၆) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

 ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်၊ အိုက်စလန်၊ ဟန်ဂေရီ၊ မက္ကဆီကို၊ နယ်သာလန်နှင့် နော်ဝေ အပါအဝင် နိုင်ငံပေါင်း (၄၃) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၇.၁၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

 အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် (၁.၄၀ %)၊ စင်ကာပူနိုင်ငံတွင် (၁.၅၀ %)၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် (၁.၈၀ %) ဖြင့် စျေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

  ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၀) နိုင်ငံအနက် Fiji နိုင်ငံသည် ယခင် အပတ် စျေးနှုန်းထက် (၁၀.၀၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံတွင် (၉.၅၀ %)၊ Tanzania နိုင်ငံတွင် (၆.၆၀ %)နှင့် ခရိုအေးရှား နိုင်ငံတွင် (၆.၁၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၁၇) နိုင်ငံရှိကြောင်း တွေ့ရှိရ ပါသည်။

ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ဘီနင်း၊ ပီရူး၊ ကာတာ၊ စပိန်၊ ဆွီဒင်၊ နိုင်ဂျီးရီးယားနှင့် တူရကီ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၆၄) နိုင်ငံတို့တွင် ယခင်အပတ်များအတိုင်း ဈေးနှုန်း အပြောင်းအလဲ မရှိဘဲ ဒီဇယ်စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဖင်လန်၊ ကနေဒါ၊ ပြင်သစ်နှင့် အစ္စရေး အပါအဝင် နိုင်ငံပေါင်း (၃၉) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၈.၈၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင် နိုင်ငံတွင် (၉.၅၀ %) ဖြင့် စျေးနှုန်း မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် (၁.၅၀ %)၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့တွင် (၁.၈၀ %) ဖြင့် စျေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံ နိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြ ထားရှိသည့် ကမ္ဘာ့စက်သုံးဆီ စျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၂၁) နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၁၀) ရှိပြီး စက်သုံးဆီ စျေးနှုန်း နိုင်ငံအလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၈၀) ဒေါ်လာနှုန်းဖြင့် (၃၂) နိုင်ငံမြောက်နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၇၃) ဒေါ်လာနှုန်းဖြင့် (၃၁) နိုင်ငံမြောက်တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။

ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၁၂၆၀ ကျပ်၊ အောက်တိန်း -95 တစ်လီတာလျှင် ၁၃၁၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၄၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ လျှင် ၁၂၅၀ ကျပ် အသီးသီး စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်းတို့ ပူးပေါင်း စီစဉ်ကာ သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးရန် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီ များကို ၂၅-၉-၂၀၂၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၇၂ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် အရောင်းဆိုင် ၃၈ ဆိုင်နှင့် နေပြည်တော်တွင် အရောင်းဆိုင် ၈ ဆိုင်တို့တွင် သတ်မှတ် စျေးနှုန်းများဖြင့် ရောင်းချ ဆောင်ရွက်လျက်ရှိပါသည်။

 မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၉၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၈၃၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၇၈၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၆၅၀ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ လွိုင်ကော်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၃၅၇ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၄၂ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၃၂၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၄၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ် နေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၁၅ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၁၀ ကျပ်သို့ စျေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြ အပ်ပါသည်။