Main menu

Background

(၃-၁၂-၂၀၂၁)မှ (၉-၁၂-၂၀၂၁)အထိသကြားပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Fri, 12/10/2021 - 15:35 -- journal_editor

 ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International SugarOrganization (ISO) ၏ website ဖြစ်သော www.isosugar.orgတွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။

လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃ရက်နေ့အထိ (ယာယီ)စာရင်းများအရ သကြား တန်ချိန် (၇) ထောင်ကျော်ကို ပင်လယ်ရေကြောင်းမှ ဗီယက်နမ်နိုင်ငံသို့တင်ပို့လျက် ရှိကြောင်းတွေ့ရှိရပါသည်။ဗီယက်နမ် သကြားစျေးကွက်သို့ ထိုင်းနှင့် အခြားနိုင်ငံများမှ သကြားများဝင်ရောက်ခဲ့ပြီးဗီယက်နမ်နိုင်ငံ၏ စက်မှုဝန်ကြီးဌာနမှ ပြည်တွင်းလုပ်ငန်းများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက် သကြားတင်သွင်းမှုများကို anti-dumping duty လုပ်ဆောင်လျက်ရှိကြောင်းကိုဖော်ပြထားခဲ့ပြီးဖြစ်ပါသည်။

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်တွင် တရုတ်နိုင်ငံ၌ဖြစ်ပေါ်ခဲ့သောသကြားဈေးနှုန်းမှာ (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၉၀၇) ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး၊ အမေရိကန်နိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၃၈၃) ဒေါ်လာ၊ ပါကစ္စတန်နိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ(၄၉၁-၅၀၀) ဒေါ်လာ၊ အိန္ဒိယနိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ(၄၅၉-၅၅၈) ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါကအမေရိကန် နိုင်ငံတွင် သကြားစျေးနှုန်းမှာအနည်းငယ် မြင့်တက်နေခဲ့ပြီး တရုတ်၊ ပါကစ္စတန်နှင့်အိန္ဒိယနိုင်ငံတို့တွင်သကြားစျေးနှုန်းများ ကျဆင်းလျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

 ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလပထမအပတ်တွင် မြန်မာ-တရုတ်နယ်စပ်မူဆယ်ဒေသ၌ သကြား (၁) တန်လျှင် ပျမ်းမျှစျေးမှာ အမေရိကန်ဒေါ်လာ (၄၃၀) ဒေါ်လာရှိပြီး တရုတ်နိုင်ငံတွင် သကြား (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၉၀၇) ဒေါ်လာ ပေါက်စျေးရှိသောကြောင့် (၁) တန်ပေါ်တွင် အမေရိကန်ဒေါ်လာ (၄၇၇) ဒေါ်လာ ဈေးနှုန်းကွာဟချက်ရှိပါသည်။မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီမြို့တွင် သကြား (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၇) ဝန်းကျင်ရှိပြီး ထိုင်းနိုင်ငံ၊မဲဆောက်မြို့၌ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၆၄)ဝန်းကျင်ခန့်ရှိကြောင်း လေ့လာသိရှိရပါသည်။

 ထို့အပြင် ရက်သတ္တပတ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော သကြားပေါက်ဈေးများကို လေ့လာရာတွင် ကျိုင်းတုံမြို့တို့တွင် သကြား ၁ ပိဿာလျှင် (၂၅၀၀) ကျပ်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်တွေမြို့တို့တွင် သကြား ၁ ပိဿာလျှင် (၂၄၀၀) ကျပ်ဖြင့် အမြင့်ဆုံးဖြစ်ပေါ်နေပြီးလားရှိုးမြို့တွင် သကြား ၁ ပိဿာလျှင် (၁၂၀၀) ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။

           Trading Economics Website တွင်ဖော်ပြချက်အရ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလပထမအပတ်တွင်ကမ္ဘာ့သကြားဈေးနှုန်းများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ၆.၅၆% ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။