Main menu

Background

(၃-၁၂-၂၀၂၁) မှ (၉-၁၂-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 12/10/2021 - 15:37 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၂ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၁၇၈၁ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှဒီဇင်ဘာလ ၈ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၉၁ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်းရွှေဈေးသည်လည်းဒီဇင်ဘာလ ၂ရက်နေ့တွင်အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၇၇၅၀၀၀ ကျပ်ပေါက်ဈေးရှိခဲ့ရာမှ ဒီဇင်ဘာလ ၈ရက်နေ့တွင် ၁၇၉၅၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရပါသည်။

ငွေကြေးစျေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၃ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၁၅) သန်းကိုတစ်ဒေါ်လာလျှင် ၁၇၈၀ကျပ်ဖြင့် ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏စက်တင်ဘာလအစီရင်ခံစာနောက်ဆုံးထုတ်ပြန်ချက်အရမြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် 6.2 %ရှိပြီးGDP သည် -18.4 % ဖြစ်ကြောင်းဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင်၁၇၈၅ကျပ်ရှိခဲ့ရာမှဒီဇင်ဘာလ ၈ရက်နေ့တွင် တစ်ဒေါ်လာလျှင်၁၇၈၀ကျပ်ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းမှာ တစ်ပတ်အတွင်း၀.၂၈%ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကိုလေ့လာရာတွင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ၂ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင်၁၈၅၀ကျပ်၊ဒီဇင်ဘာလ၃ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင်၁၈၄၅ကျပ်၊ ဒီဇင်ဘာလ၆ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၄၅ကျပ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၅၅ ကျပ်နှင့်ဒီဇင်ဘာလ၈ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၆၀ကျပ်အသီးသီးပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။