Main menu

Background

(၁၇-၁၂-၂၀၂၁) မှ (၂၃-၁၂-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Thu, 12/23/2021 - 15:23 -- journal_editor

          ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထား ရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၄) နိုင်ငံအနက် တူရကီ နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၁၂.၁၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Rwanda နိုင်ငံတွင် (၇.၂၀ %)နှင့် ခရိုအေးရှား နိုင်ငံတွင် (၃.၄၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၂၃) နိုင်ငံရှိကြောင်း တွေ့ရှိရပါသည်။

               ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ဘာဘေဒို၊ အစ္စရေး၊ ဂျော်ဒန်၊ အိုမန်၊ ပီရူးနှင့် တောင်အာဖရိက စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၇၀) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာတွေ့ရှိရ ပါသည်။

          ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ အီတလီ၊ ယူကရိန်း၊ ပိုလန်၊ ဘရာဇီးလ်၊ ပြင်သစ်၊ နယ်သာလန်နှင့် ဆွီဒင် အပါအဝင် နိုင်ငံပေါင်း (၃၁) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၅.၀၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

           အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာ တွေ့ရှိရပါသည်။

           ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၄) နိုင်ငံအနက် တူရကီ နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၁၁.၁၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Rwanda နိုင်ငံတွင် (၈.၂၀ %)နှင့် မက်ဆီဒိုးနီးယား နိုင်ငံတွင် (၂.၄၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၁၈) နိုင်ငံရှိကြောင်း တွေ့ရှိရပါသည်။

           ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ နီပေါ၊ အာဂျင်တီးနား၊ ဂရိ၊ ဟေတီ၊ ပိုလန်နှင့် ကာတာ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၇၄) နိုင်ငံတို့တွင် ယခင်အပတ်များ အတိုင်း ဈေးနှုန်း အပြောင်းအလဲ မရှိဘဲ ဒီဇယ်စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

           ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ စပိန်၊ ယူကရိန်း၊ ဂျာမနီ၊ နယ်သာလန်၊ နယူးဇီလန်၊ ဒိန်းမတ်နှင့် နော်ဝေ အပါအဝင် နိုင်ငံပေါင်း (၃၂) နိုင်ငံရှိပြီး ယခင် တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၅.၂၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

          အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာ တွေ့ရှိရပါသည်။

          ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြ ထားရှိသည့် ကမ္ဘာ့စက်သုံးဆီ စျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၂၁) နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၁၁) ရှိပြီး စက်သုံးဆီ စျေးနှုန်း နိုင်ငံအလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၈၄) ဒေါ်လာနှုန်းဖြင့် (၃၃) နိုင်ငံ မြောက်နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၇၆) ဒေါ်လာနှုန်းဖြင့် (၃၂) နိုင်ငံမြောက်တွင် ရှိနေ ကြောင်း တွေ့ရှိရပါသည်။

         Omicron ဗိုင်းရပ်စ်မျိုးကွဲ၏ ကူးစက်မှုများသည် ဉရောပနှင့် အမေရိကန်နိုင်ငံများတွင် လျှင်မြန်စွာ ကူးစက်ပြန့်နှံ့နေမှုကြောင့် ကန့်သတ်စည်းမျဉ်းများ ပြန်လည်ချမှတ်ခြင်းများအပေါ် စိုးရိမ်မှုများသည် ရင်းနှီးမြှုပ်နှံသူများအကြား ရေနံဝယ်လိုအားကို လျော့ကျစေခဲ့သော်လည်း အမေရိကန် (WTI) ရေနံစိမ်းစျေးသည် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၆၈.၂၃ ကျဆင်းခဲ့ရာမှ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၁.၁၂ သို့ ပြန်လည် မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

         ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၁၂၈၅ ကျပ်၊ အောက်တိန်း -95 တစ်လီတာလျှင် ၁၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၆၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ လျှင် ၁၂၇၀ ကျပ် အသီးသီး စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်း စီစဉ်ကာ သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးရန် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီ များကို ၂၅-၉-၂၀၂၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၇၂ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် အရောင်းဆိုင် ၃၈ ဆိုင်နှင့် နေပြည်တော်တွင် အရောင်းဆိုင် ၈ ဆိုင်တို့တွင် သတ်မှတ် စျေးနှုန်းများဖြင့် ရောင်းချ ဆောင်ရွက်လျက်ရှိပါသည်။

         မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၈၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၇၅၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၆၇၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၅၃၀ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ လွိုင်ကော်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၃၈၆ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၈၆ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၃၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၆၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ် နေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၁၀ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၁၀ ကျပ်သို့ စျေးနှုန်း အနည်းငယ် ကျဆင်းခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြ အပ်ပါသည်။