Main menu

Background

(၁၇-၁၂-၂၀၂၁) မှ (၂၃-၁၂-၂၀၂၁) ထိ ဆန်ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ လေ့လာ သုံးသပ်တင်ပြခြင်း

Thu, 12/23/2021 - 15:26 -- journal_editor

         ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၁၄ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်းဆန် စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၇ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၂ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၅ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၈ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရပါသည်။

              ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၈ ဖြင့် လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၃ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

           ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀၀ %) ဘီဂရိတ်ဆန်၊ ဧည့်မထ (၅ %) ဆန်၊ ဧည့်မထ (၂၅ %)၊ ဆန်စျေးနှုန်းမှာ မြင့်တက်ခဲ့ပြီး ပါကစ္စတန် နိုင်ငံ၏ ဆန်စျေးနှုန်း များမှာ အနည်းငယ် ကျဆင်းနေခဲ့ကာ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့၏ ဆန်စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရပါ သည်။

           ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့် လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၃၉၆၁၇၄.၁၈၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၀.၄၆၂ သန်း၊ ဆန်ကွဲ တန်ချိန် ၂၂၆၃၉၇.၂၅၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၆၈.၀၆၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၆၂၂၅၇၁.၄၃၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၉၈.၅၂၇ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၃၃၇၆၄၄.၅၀၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၅.၀၀၉ သန်း၊ ဆန်ကွဲ တန်ချိန် ၁၇၀၆၃၇.၄၀၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၆.၆၈၀ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၅၀၈၂၈၁.၉၀၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၉၁.၆၈၉ သန်း ဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရပါသည်။

           ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၅၈၅၂၉.၆၈၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ သော်လည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၅၄၇ သန်း လျော့နည်းကြောင်း၊ ယခင်နှစ်၌ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဆန်တစ်တန်လျှင် ပျမ်းမျှစျေးနှုန်းမှာ ၃၉၉ ဒေါ်လာနှင့် ဆန်ကွဲ တစ်တန်လျှင် ပျမ်းမျှစျေးနှုန်း ၃၃၀ ဒေါ်လာရှိပြီး ယခုနှစ်တွင် တစ်တန်လျှင် ပျမ်းမျှစျေးနှုန်း ၆၀ ဒေါ်လာခန့် စျေးနှုန်း လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ဆန်ကွဲ တင်ပို့မှုတွင် တန်ချိန် ၅၅၇၅၉.၈၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁.၃၈၅ သန်း ပိုမိုတင်ပို့ခဲ့သည်ကိုသိရှိရပါသည်။

           မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၂၈၄ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၃၂၆၆၀ ကျပ်မှ ၃၄၀၈၀ ကျပ်ကြား ပေါက်စျေးရှိကြောင်း သိရှိရ ပါသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁  ရက်နေ့ တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၅၅ ကျပ်နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။

          တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၄၀၀ ကျပ်နှင့် မုံရွာမြို့တွင် ၂၂၀၀ ကျပ်ဖြင့် အမြင့်ဆုံးစျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး နေပြည်တော်နှင့် ပျဉ်းမနားမြို့ တို့တွင် ဧည့်မထဆန်သစ် တစ်ပြည်လျှင် ၁၀၀၀ ကျပ်ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

           Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန် စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၁.၈၄ ရာခိုင်နှုန်း စျေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရ ပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် နိုင်ငံတကာ ဆန်စျေးနှုန်းများတွင် အတက်/ အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲ မှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။